"ဟင့်အင်း!ကားပေါ်မှာပဲ ပြောမယ် "

Seokjin စကားကြောင့် namjoonလည်း
ထိုင်ခုံမှာပဲ နေရာတကျ ပြန်ထိုင်ကာ
အရှေ့ကိုသာ ကြည့်နေလိုက်သည်။

"ငါ့ကို အရမ်းမုန်းနေလား Kim ?"

"........"

မုန်းနေလားတဲ့။သူတစ်ယောက်တည်းကို
ရင်ခုန်ပြီး ချစ်ခဲ့တဲ့ နှလုံးသားက သူ့ကို
မုန်းချင်ခဲ့သော်လည်း မုန်းမရခဲ့သည်ကို
Seokjin သိလောက်မည်မထင်ပါ။

"ငါ တောင်းပန်ပါတယ်။အရင်အချိန်က
ငါ လောဘတက်မိလို့ မင်းကို ထားခဲ့မိတယ်ဆိုတာ ဝန်ခံပါတယ်။အဲ့တာကလည်း ငါ့မိဘတွေ
မင်းကို ပြောဆိုတာတွေကို မခံနိုင်လို့
မင်း ပိုကြိုးစားချင်အောင်လို့ပါ "

Namjoon ဖွဖွလေး ပြုံးမိသည်။
အကြောင်းပြချက်က ရီစရာတော့ ကောင်းသည်။

"ငါ့ကို ပိုကြိုးစားချင်အောင်ဆိုလည်း
တခြားနည်းနဲ့ ပြောလို့ရတာပဲ။ဘာလဲ လမ်းခွဲပြီးမှ ပြောလို့ရတဲ့ နည်းပဲရှိလို့လား?နောက်ဆုံးအချိန်အထိ စောင့်နေပါ့မယ်လို့ ပြောခဲ့တဲ့ ငါ့ကို
"ဒီရေစက် ဒီမှာ ဖြတ်ကြတာပေါ့"လို့
ပြတ်ပြတ်သားသားနဲ့ ပြောခဲ့တာက မင်းပဲလေ။"

".........."

"မင်း ငါ နားလည်အောင် ပြောပြလို့ရခဲ့တာပဲ။
မိဘတွေ လက်ခံလာအောင် ငါတို့ အတူကြိုးစား
ကြမယ်။ပြီးမှ လက်ထပ် ကြမယ်လို့ ပြောခဲ့လို့ရတာပဲ။ဒါပေမယ့် မင်း မပြောခဲ့ဘူးလေ။
မင်း စိတ်ထဲက ရှိတဲ့အတိုင်း ငါ့ကို
ပစ်ထားခဲ့တာပဲ "

"အဲ့လိုမဟုတ်ပါဘူး။
ငါ အများကြီး မတွေးမိခဲ့လို့ပါ။ငါ အတွေးတိမ်ခဲ့လို့ပါ "

"........"

"မင်းကို နာကျင်စေတဲ့ လမ်းကို ရွေးခဲ့မိလို့
ငါ လည်း နာကျင်ရပါတယ် kimရယ်။
ငါ မင်းကို တကယ် မစွန့်လွှတ်ခဲ့ဖူးပါဘူး ။
အရင်ကလည်း မစွန့်လွှတ်ခဲ့ဖူးတာမို့
ခုချိန်ထိလည်း ငါ မင်းကို ချစ်နေဆဲပါ "

Namjoon ရင်ထဲ လှိုက်တက်လာကာ
အံကို တင်းတင်းကြိတ်ထားမိသည်။

"ငါ့မိဘတွေကို ငါ အရမ်းကြောက်ခဲ့ရတာမို့
သေချာ မတွေးမိလိုက်လို့ပါ ။ငါ တောင်းပန်ပါတယ်။ငါ့ကို ခွင့်လွှတ်ပြီး ပြန်လာပေးလို့ မရဘူးလား kimရယ် "

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now