"မင်း ..ငါ ဘယ်နှစ်ခါ ..."

Namjoon စိတ်ကို အတတ်နိုင်ဆုံးထိန်းကာ
အံကြိတ်သံနဲ့အတူ အနောက်ကို လှည့်ကာ
Seokjin ကို ပြောရန် လှည့်စဉ်
မျက်ရည်များနဲ့ seokjin မျက်နှာကို
မြင်လိုက်ရသည့်အခါ စကားများပင်
ပျောက်ရှသွားသည်။သူတို့ ချစ်သူဘဝကတည်းက seokjin မျက်ရည်ကျတဲ့အခါမျိုးတွေကို Namjoon သိပ်မကြိုက်ပါ။ချစ်ရသူ ငိုနေတဲ့ အခါမျိုးမှာ သူပါ လိုက် ဝမ်းနည်းမိသည်။

"ကျစ်!"

Namjoon စိတ်ရှုပ်ထွေးစွာ စုပ်သက်မိတော့သည်။အရင်ကတည်းက seokjin မျက်ရည်ကျတာမျိုး မကြိုက်သည်မို့
ယခုလည်း ငိုနေသော seokjinကြောင့်
Namjoonရဲ့ စိတ်တွေသည်လည်း အဆင်မပြေတော့ပါ။

"Kim!!တကယ် ခနလေးပဲ
စကားပြောပေးလို့ မရဘူးလား ?"

"......"

"မင်းဘက်က မပြောချင်တောင်
ငါ ပြောတဲ့ စကားကိုပဲ နားထောင်ပေးရင် ရပါပြီ "

"ခနပဲ ရမယ် "

"ဟင်!  "

Namjoonသည် seokjinကို
ပြောပြီးသည်နှင့် သူ့ရဲ့ ကားဆီ ပြန်သွားလိုက်သည်။seokjinလည်း kimဆီက ခွင့်ပြုချက် ရသည်ကြောင့် ဝမ်းသာနေမိတော့သည်။အနည်းဆုံး ရှင်းပြတာလေးကို Kim နားထောင်
ပေးရင်ကို သူကျေနပ်ပါသည်။ထို့ကြောင့်
Kim နောက်ကို ပြေးလိုက်ရတော့သည်။

Namjoon မိမိကားထဲမှာ ထိုင်နေရင်း
Seokjinကို စောင့်နေလိုက်သည်။

"ဘာလုပ်နေတာလဲ?မတက်ဘူးလား ?"

သူ့ရဲ့ ကားနားလေးမှာ မတ်တပ်ရပ်လျက်နေသော seokjinကို မေးလိုက်မှ အံ့ဩသလို
ကြည့်လာပြီး ဘေးက တံခါးကို ဖွင့်ကာ
ကားပေါ် လာထိုင်တော့သည်။

"ဟို ..ဒီနေရာမှာ ထိုင်လို့ရတယ်မလား ?"

လူကဖြင့် lover seat နေရာရောက်နေပြီကို
ထိုင်လို့ ရ၊မရ မေးလာခြင်းသည် အချိန်နှောင်းနေသည်မလား?Namjoon ဘာမှ မပြောပဲ
ကားစက်နှိုးကာ ကျောင်းဝန်းအပြင်ထွက်ခဲ့တော့သည်။ဒီနေ့ အတန်းက နေ့လည်ခင်းပိုင်းမှ
သူ့စာသင်ချိန်တွေက ရှိသည်မို့ seokjinကို
အချိန်ပေးခဲ့ခြင်းပင်။

"ဆင်းလေ!"

ပန်းခြံတစ်ခုထဲသို့ ခေါ်လာလိုက်သည်။
ပန်းခြံကြီးသည် တော်တော် ကျယ်ဝန်းသည်မို့
လမ်းလျှောက် ဝင်လည်းရသလို၊ကားနဲ့ ဝင်လည်းရသည်။namjoon ကတော့ ကားနဲ့ ပဲ ဝင်လိုက်ပြီး
စကားပြောလို့ အဆင်ပြေမည့်နေရာကို ရှာရသည်။အေးချမ်းသော နေရာလေးအရောက်
ကားကို ဘေးကပ်ရပ်ကာ ဆင်းဖို့ ကြံတော့
ဘေးထိုင်ခုံက seokjinသည် ‌ဆက်ထိုင်နေဆဲပင်။
Namjoon ဆင်းရန်ပြောတော့ ခေါင်းရမ်းပြသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now