Jungkookသည် taehyung အား
"သိနေတယ်နော်"ဆိုတဲ့ အဓိပ္ပာယ်ပါသော
အကြည့်များနဲ့ ကြည့်သွားပြီး ဘေရှင်းရန်
ဆိုင်ရှေ့ ကောင်တာဆီ ထွက်ခဲ့တော့သည်။
"ဘယ်လောက်ကျလဲဗျ"
ဝန်ထမ်းကောင်လေးက အပြုံးချိုချိုလေးနဲ့
ပြုံးပြပြီး jungkookတို့ စားသောက်သည့်
ကုန်ကျစရိတ် billစာရွက်အား ပေးသည်။
Bill စာရွက်ထဲက ကုန်ကျစရိတ်ကို ကြည့်ကာ
Taehyung အိတ်ထဲက ထုတ်ပေးလိုက်သည်။
ပြန်အမ်းသော အကြွေကိုလည်း taehyungအိတ်ထဲ ပြန်ထည့်ပေးကာ ကောင်တာဘေး
ဆိုဖာ ခုံတွင် ဝင်ထိုင်ကာ ဖုန်းသုံးရင်း taehyungအား
စောင့်နေလိုက်သည်။
"Jungkook!"
Taehyung သူ့အနား ရောက်လာသည်နှင့်
ဖုန်းကို ပိတ်ကာ ထိုင်ရာမှ ထလိုက်သည်။
"မင်း ခနနေမှ ပေါ်မလာရင် ငါ ပြန်တော့မှာ "
"အခု ရောက်လာပြီပဲကို ...."
"အင်း ...သွားကြစို့ "
ဆိုင်ထဲက နှစ်ယောက်တူတူ စကားပြောရင်း
ထွက်ခဲ့ကြသည်။နှစ်ယောက်တူတူသာပြောပါတယ်။တကယ်တမ်း taehyung ဘက်ကသာ
စကားများ တရစပ် ပြောနေခြင်းပင်။
"မင်းသိလား!ငါ သူနဲ့ တွေ့ချင်လို့
ထပ် သွားခဲ့ပေမယ့် မတွေ့ပါဘူးကွာ "
"....."
"နောက်ခါ ဒီဆိုင်မှာပဲ လာစားမယ် သိလား ?"
"မင်းဘာသာ လာစားပါ့လား?"
"ငါ တစ်ယောက်တည်းဆို ဘက်ပဲ့လို့ပေါ့ကွာ။
ရှိတာမှ ဒီသူငယ်ချင်းလေး နှစ်ယောက်ထဲကို
မင်းက ခွဲခြားလိုက်တာ။ငါ အရမ်းဝမ်းနည်းတာပဲ "
ဒီလိုပါပဲ တစ်ခါတစ်လေ ရုပ်တည်ကြီးနဲ့
Dramaတွေ ရှယ်ခင်းတတ်သေးသည်။jungkookမှာ taehyung ၏ မျက်နှာပေး ကို
ကြည့်ကာ ပြုံးမိသေးသည်။
"မင်း ပြုံးလိုက်တာလား?"
"ဘာလို့လဲ?"
"အမြဲ မင်းက မျက်နှာကြီး မှုန်ကုပ်နေတော့
ငါက မင်း မပြုံးတတ်ဘူးပဲ ထင်တာ။အမှန်တော့ မင်းက ပြုံးလိုက်ရင် ရုပ်ဆိုးလို့များ မပြုံးတာလားပေါ့။အခုတော့ ငါ့သူငယ်ချင်းက ငါ့နီးနီး
ချောတာပဲ "
KAMU SEDANG MEMBACA
သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်
Fiksi Penggemarကကြိုးတွေ ပျောက်ကွယ်သွားတဲ့အခါ........
💘 Part-2 💘
Mulai dari awal
