💘 Part-2 💘

Mulai dari awal
                                        

Taehyung မှာ "ကောင်မလေးတွေလား"ဟု
Jungkook မေးလာမည်အထင်နဲ့ အဖြေပင်
တန်းစဉ်းစားကာ ပြောလိုက်ပြီးမှ တစ်လွဲကြားလိုက်မှန်း သတိရတော့သည်။

"မင်းနော်!ဘာ ယင်ကောင်တွေလဲ?
ကောင်မလေးတွေ ပြောတာ "

"ဪ..."

"ဘာလဲ?မင်းက မယုံတာ-"

"မင်း ထပ်စကားများရင် ငါ ထပြန်မှာ "

Jungkook စိတ်မကြည်သလို ပြောလိုက်မှ
Taehyung မှာ သွားလေးဖြဲပြရင်း ပါးစပ်ကလေး ပိတ်သွားတော့သည်။စိတ်ထဲမှာတော့ jungkookကို မကျေနပ်သေးပါ။သူငယ်ချင်းကို နှိမ်စရာရှားလို့။

Taehyung ငြိမ်ကျသွားမှ Jungkook
ဖုန်းဆီ အာရုံပြန်စိုက်လိုက်သည်။အပျင်းပြေ newsfeed ကြည့်နေမိခြင်းဖြစ်သည်။taehyungရဲ့ အဖြစ်ကိုလည်း အစအဆုံး
သူသိပါသည်။စားပွဲထိုး ကောင်လေးကို
ငမ်းနေတာ မျက်လုံးကျွတ်မတတ်ပင်။ကိုယ်ကလည်း သူအငမ်းပျက်မှာစိုးလို့ ဘာမှ ဝင်မပြောပဲ
ဖုန်းသုံးနေခြင်းဖြစ်သည်။taehyungကို စချင်စိတ်ကြောင့်သာ သူပြောလိုက်ခြင်းဖြစ်သည်။
တကယ်တမ်း taehyungသည် အသားဖွေးပြီး
အညိုရိပ် အနည်းငယ်သမ်းသော အသားအရေပိုင်ရှင်လေးဖြစ်သည်။ထိုအရာကပဲ
Taehyung ၏ ဆွဲဆောင်မှုတစ်ခုလို ဖြစ်နေသည်။taehyung၏ မျက်နှာမှာလည်း
ပြစ်ချက်မရှိ ချောမောလွန်းနေသည်မို့
မိန်းကလေးများကြား ရေပန်းအတော်စားပါသည်။

ခနအကြာ ဟင်းပွဲများ ရောက်လာသည်မို့
သူတို့ စတင်ကာ စားကြတော့သည်။taehyungသည် jungkookကို မကြည်နေရာမှ
ဟင်းပွဲလာချပေးသော စားပွဲထိုးလေးက
သူမျှော်နေသလို အဖွေးတုံးလေး မဟုတ်ခဲ့တာကြောင့် မျက်နှာကြီး ပို မအီမလည်ဖြစ်ကာ
ထမင်းနဲ့ လက်ဖက်သုပ်ကို အောင့်ဆောင့်ကာ
စားတော့သည်။

Jungkook ရယ်ချင်စိတ်ကို ထိန်းထားရင်း
မသိချင်ယောင်သာ ဆောင်ထားလိုက်သည်။

......................................................................

"ငါ toilet ဝင်လိုက်ဦးမယ်......
ရော့!မင်း ရှင်းထားလိုက် "

နှစ်ယောက်သမား စားသောက်ပြီးသည်နှင့်
အခန်းထဲမှ ထွက်ခဲ့တော့သည်။taehyungမှာ
သူ့ရဲ့ အဖွေးတုံးလေးကို ပြန်ခါနီး တွေ့ချင်သေးတာကြောင့် ဂွင်ဖန်ကာ jungkookလက်ထဲ
ပိုက်ဆံအိတ် ထည့်ပေးပြီး သန့်စင်ခန်းကို
အကြောင်းပြပြီး နေရစ်ခဲ့သေးသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Tempat cerita menjadi hidup. Temukan sekarang