"အာ..အင်း"
"ကျွန်တော် ပြောတဲ့ အသုပ်လေး စားကြည့်မလားလို့ပါ "
နားက ကြားတစ်ဝက်၊မကြားတစ်ဝက်မို့
အဖွေးတုံးလေး ပြောလိုက်သည့် အသုပ်နာမည်ကို မကြားလိုက်မိပေ။
"ဟုတ်!အဲ့ လက်..လက်ဖု "
"လက်ဖက်ပါ "
"အင်း အဲ့ အသုပ်ပဲ
ပြင်ပေးလိုက်ပါ "
Yoongi သည် မြန်မာ အစားအစာများနာမည်ကို
မြန်မာလို အသံထွက်ကာ ပြောပေးသည်မို့
Taehyung အတွက် လျှာလိပ်ကာ အသံထွက်ဖို့
ခက်ခဲခဲ့သည်။yoongi အနေနဲ့ မြန်မာနိုင်ငံအကြောင်းကိုလည်း စိတ်ဝင်စားတာမို့ မြန်မာ ဘာသာစကားကို သင်ယူခဲ့သည်မို့ အတော်အသင့်တော့ တတ်ထားပါသည်။ငယ်ငယ်က
မိဘများနဲ့ မြန်မာနိုင်ငံကို အလည်အပတ်အနေနဲ့
တစ်ခါရောက်ဖူးထားသည်။ရွှေရောင်နိုင်ငံလို့
တင်စားခဲ့ရတဲ့ အထိ ရွှေရောင် တဖိတ်ဖိတ်တောက်နေသော ဘုရားစေတီ ပုထိုးများသည်
မြန်မာနိုင်ငံ၏ ဘုန်းကျက်သရေကို တိုးပွားစေသည်။သဘာဝသယံဇာတ ပစ္စည်းအများဆုံး ထွက်ရှိရာ နိုင်ငံဖြစ်ပြီး ရေမြေတောတောင်သဘာဝလည်း ကြွယ်ဝသော နိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံသည် အရမ်းလှပသော နိုင်ငံတစ်ခုဖြစ်တာမို့ yoongi နောက်တစ်ခေါက် အခွင့်အရေးရှိလျှင် သွားလည်ချင်ပါသေးသည်။
ဧည့်သည်များအား မီနူးမေးပြီးသည်နှင့်
Yoongi ထိုအခန်းထဲမှ ထွက်ခဲ့တော့သည်။
"ဟျောင့် jungkook!"
"ပြော !"
"ခနက စားပွဲထိုးလေးနဲ့ ငါနဲ့ ဘယ်လိုမြင်လဲ ?"
"သကြားနဲ့ ချောကလက်လိုပဲ!"
"ဘာ!"
Taehyung မှာ jungkook၏ စကားကြောင့်
ရှုးရှုးရှားရှားဖြစ်သွားတော့သည်။ဒီကောင်
သူငယ်ချင်း အချင်းချင်းကို သက်သက်မဲ့ဖဲ့တာ။
"မင်းနော်!ငါ့အသားက အဲ့လောက် မမည်းဘူး။
ညိုတာကွ။ညိုတာ....
ငါ့ကိုဆို အညိုစင်လေး၊အညိုလုံးလေးဆိုပြီး
ပါးစပ်ဖျားကကို မချကြဘူး။ဝိုင်းဝိုင်းလည်နေတာပဲ"
"ယင်ကောင်တွေလား?"
"အများကြီးပဲ "
"ရေမချိုးလို့ နေမှာပေါ့ "
💘 Part-2 💘
Start from the beginning
