"ဟုတ်ကဲ့..အေးဆေးကြည့်ပါ "

ချိုသာလိုက်တာ။အသံခပ်ရှရှလေးဖြစ်သော်ငြား
နားထဲ သကာရည်လောင်းသလို စီးဆင်းသွားသည်။

မီနူးစာအုပ်ကို စဖွင့်ကာ မြန်မာ အစားအစာများဆိုသည့် ပုံများကို ကြည့်နေလိုက်သည်။
အားလုံးသည် ထမင်းဖြူနဲ့ တွဲဖက် စားသုံးရခြင်းဖြစ်သည့်အတွက်  set တိုင်းတွင် ထမင်းဖြူသည်
အဓိက ပါသည်။

"ဒါက ဘာလို့ ထမင်းဖြူက အမြဲပါနေရတာလဲ ?
မစားလို့မရဘူးလား ?"

အဖွေးတုံးလေးဆီက စကားသံလေး ထပ်ကြားချင်တာမို့ taehyung စောဒကတက်ကာ မေးလိုက်သည်။

"ဟုတ်ကဲ့။အခု ဧည့်သည် ကြည့်နေတာက
မြန်မာ အစားအစာတွေပါ ။မြန်မာနိုင်ငံရဲ့
အဓိက အစားအစာက ထမင်းမို့ပါ "

"အာ ..ဟုတ်ပြီ "

"ဧည့်သည်က ဟင်းပွဲကြည့်ပဲ စားချင်တယ်ဆိုလည်း ရပါတယ် "

"အင်း ..အ့ဆို ကျွန်တော့်ကို
ဘယ်ဟာစားသင့်လဲဆိုတာ recommend ပေးပါလား ?"

"ကျွန်တော့်အနေနဲ့ဆိုရင်တော့ မြန်မာ အသုပ်နဲ့
ထမင်းဖြူနဲ့ စားကြည့်ပါလား ?"

"အသုပ်ဆိုတာ "

"ဒီဘက်မှာပါ "

Yoongi သည် စားပွဲဝိုင်းနား အနည်းငယ်ကပ်ကာ
ဒူးတုပ် ထိုင်ချပြီး မြန်မာ အသုပ်စုံ ရှိသော
စာရွက်ကို ပြပေးလိုက်သည်။

"ဒီထဲက ကြိုက်တာ ရွေးပါ"

မီနူးစာရွက်လေးများ လှန်ပေးနေသော
ဖွေးဖွေးနုနု လက်ကလေးကိုသာ Taehyung ငေးကြည့်နေမိသည်။ကိုင်ချင်စိတ်တွေက တဖွားဖွားပင်။ဘာလို့ အဲ့လောက်တောင် ဖြူဖွေးလွန်းနေရတာပါလိမ့်။

"ဟို...ရွေးပေးပါလား ?
ကျွန်တော် မရွေးတတ်တော့လို့ "

"ဟုတ်ကဲ့။မြန်မာတွေရဲ့ ရိုးရာ အသုပ်က
လက်ဖက်သုပ်ဆိုတော့ လက်ဖက်သုပ်လေးစားလိုက်ပါလား ?"

"......."

"ဧည့်သည်!"

Taehyung သည် နီးကပ်စွာ မြင်နေရသော
မျက်နှာလေးကိုလည်း အခွင့်အရေး မလွတ်ခံစွာ
ငေးကြည့်နေခဲ့မိပါသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now