Taehyungသည် အခန်းအပြင်အဆင်ကိုကြည့်ရင်း သဘောတကျ ဆိုလာတော့သည်။
"မင်း ဒီကို ရောက်ဖူးတာလား ?"
"မဟုတ်ပါဘူး။ခုမှ ပထမဆုံးပဲ "
"မသိပါဘူး။ကိုရီးယား -မီယမ်မာ အစားအစာဆိုတော့ ငါက မင်း မီယမ်မာ အစားအစာတွေကြိုက်တယ်လို့ ထင်သွားတာ "
"အင်း!ငါ စားဖူးတယ်လေ။ဆိုင်မှာ လာမစားဖြစ်ပေမယ့် မေမေက deliကနေ မှာပေးတယ်။အခု ဆိုင်မှာ လာစားတာ "
"ဘယ်လိုလဲ ကောင်းလား ?"
"အင်း "
Jungkookနဲ့ taehyung မျက်နှာချင်းဆိုင် စကားပြောနေစဉ်မှာပဲ စားပွဲထိုးလေးတစ်ယောက် ထပ်ရောက်လာကာ မီနူးစာအုပ်ကို
ချပေးတော့သည်။
ရုတ်တရက် taehyung စားပွဲထိုး ကောင်လေးကို
ကြည့်မိရာ အချိန်တွေ ရပ်တန့်သွားသလို ခံစားရတော့သည်။ဖြူဖွေးလွန်းသော အသားအရေလေးကိုမှ ခပ်အုပ်အုပ်ဆံပင်လေးများ ဝဲကျနေသော
မျက်နှာလေးသည် အရမ်းကြည့်ကောင်းပါသည်။
Taehyung ကြည့်နေသည်ကိုသိတော့
ခေါင်းလေးတစ်ချက် ငြိမ့်ပြပြီး သွားတန်းညီညီလေးတွေ ပေါ်အောင် ပြုံးပြလာသည်။
Taehyung ၏ ဝဲဘက်ရင်အုံဆီမှ ဒိတ်ကနဲ အသံကိုကြားလိုက်ရသည်။အပြုံးလေး ။သူ့အပြုံးလေး မြင်လိုက်ရသည်နှင့် taehyung ရင်ခုန်မိသွားသည်မှာ မယုံကြည်နိုင်ဖွယ်ပင်။
Jungkookသည် စားပွဲထိုး ကောင်လေးအား
မှာစရာရှိတာ မှာပြီးသည်နှင့် taehyung ဘက်လှည့်ကာ
"Taehyung !ရွေးပြီး ပြီလား ?
ဘာစားမှာလဲ?"
"....."
Taehyungသည် သူ့တို့ ဝိုင်းနားမှာ မတ်တပ်ရပ်လျက် ရှိနေသော အဖွေးတုံးလေးကိုသာ
သတိလက်လွတ်ငေးကြည့်နေမိသည်မို့
Jungkookခေါ်သံကို မကြားမိပေ။
"Kim Taehyung !!"
"ဟာ!!ဘာလဲကွာ ?"
Jungkookရဲ့ မကျယ်လွန်းသော အော်သံဆိုပေမယ့် သတိလွတ်စွာ ငေးကြည့်နေသော
Taehyung မှာ လိပ်ပြာလွင့်မတတ် လန့်သွားခဲ့ပါသည်။ငေးကောင်းနေတုန်းကို။
"မင်း ဘာစားမလဲ မေးနေတာ...
ဒီမှာ အကြာကြီး စောင့်နေရပြီ "
"အာ..တောင်းပန်ပါတယ်
ခနနော် ...ကျွန်တော် ကြည့်လိုက်ဦးမယ် "
💘 Part-2 💘
Start from the beginning
