အံတင်းတင်းကြိတ်ကာ စူးရှသော မျက်လုံးများနဲ့
နာနာကျင်ကျင် ပြောသွားသော namjoonကိုသာ
Seokjin ရပ်ကြည့်နေရင်း ထိုနေရာလေးတွင် ကျန်ခဲ့တော့သည်။

"ရှင်းပြခွင့်လေးတောင် မပေးပါလား Kimရယ် "

.........................................................................

"Jungkook !နေ့လည်စာ ကန်တင်း သွားစားကြမလား ?"

"အပြင် ဆိုင်မှာပဲ စားမှာ။ကန်တင်းက လူရှုပ်တယ် "

"မင်းကလည်း "

"အဲ့တော့ လိုက်မှာလား?မလိုက်ဘူးလား ?"

"လိုက်မှာပေါ့ကွာ။ရှိတာမှ ဒီသူငယ်ချင်းလေး
နှစ်ယောက်ကို ။သွားမယ် ။မင်း စားချင်တဲ့ဆိုင် သွား "

"အင်း !ဒီတစ်ခါ မင်းရှင်းရမှာ "

Jungkookရဲ့ ကပ်စီးနည်း စကားကြောင့်
Taehyung နှာခေါင်းရှုံ့မိတော့သည်။ချစ်တီးသေလို့များ ဝင်စားသလားမသိ။

"အေးပါ "

ထို့နောက်တွင်တော့ နှစ်ယောက်တူတူ
Jungkookကားနဲ့ ပင် ကျောင်းဝန်းထဲမှ ထွက်ကာ
နာမည်ကြီး စားသောက်ဆိုင်များရှိသော လမ်းဘက်ကို မောင်းခဲ့တော့သည်။

နောက်ဆုံး ကိုရီးယား-မြန်မာ အစားအစာများရသော ဆိုင်ကို Jungkook  ရွေးလိုက်တော့သည်။

"ဒီဆိုင်လား?"

"အင်း "

Jungkook နဲ့အတူ taehyung လည်း
လိုက်ဆင်းကာ ဦးဆောင် ဝင်သွားသော
Jungkookနောက်ကိုသာ ထပ်တူ လိုက်ရသည်။

အခန်းသန့်သန့်များနဲ့  decoration ပြုလုပ်ထားခြင်းကြောင့် လူများတာမကြိုက်သော jungkookအတွက် အလွန်အဆင်ပြေပါသည်။

စားပွဲထိုးလေး၏ လမ်းပြမှုနောက် အခန်းတစ်ခန်းဆီ နှစ်ယောက် အတူ ဝင်လိုက်သည်။အခန်းလေးသည် အနည်းငယ်ကျယ်ကာ အလယ်တွင်တော့
စားပွဲဝိုင်း အပုလေး တစ်ခုချထားပြီး သူတို့က လေးထောင့် မွေ့ယာအခင်းလေးပေါ်တွင် ထိုင်ကာ စားစရာများကို သုံးဆောင်ရမည်ဖြစ်သည်။
ထောင့်နားလေးများတွင် ပန်းအိုးများချထားပြီး
နံရံများပေါ်တွင်တော့ ပန်းချီကားများ ချိန်ဆွဲထားသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Donde viven las historias. Descúbrelo ahora