💘 Part-2 💘

Mulai dari awal
                                        

ခံစားချက်တွေ အနည်ထိုင်သွားမှ
ပြန်ပေါ်လာခြင်းသည် namjoonအား
ဒဏ်ရာ ပြန်ဆွပေးသလို ဖြစ်လာတဲ့အခါ
အသက်ရှုသံများ ပြင်းလာခဲ့သည်။
အတတ်နိုင်ဆုံး စိတ်ကို ထိန်းကာ
အနီးဆုံးရောက်လာသော သူကို မမြင်ချင်ယောင်ဆောင်ကာ ခြေလှမ်းများ ဆက်သွားလိုက်သည်။

"Kim !"

မြင်သော်လည်း မမြင်ချင်ယောင်ဆောင်သွားသူကြောင့် seokjin  နာမည်ကို ခေါ်လိုက်တော့
ခြေလှမ်းများ ခေတ္တရပ်သွားပေမယ့် ဂရုမစိုက်စွာ
ဆက်သွားခဲ့သည်။

"Kim!!"

Seokjin ထပ်ခါ အသံမြင့်ခေါ်ပြီးနောက်
Kimရဲ့ ကျောပြင်ကျယ်ကြီးအား ပြေးကာ ဖက်တွယ်ထားလိုက်သည်။

"တောင်းပန်ပါတယ်!ဒီလိုကြီးတော့ မစိမ်းကားပါနဲ့ "

ကျောပြင်ကို မျက်နှာအပ်ထားရင်း kimရဲ့
ခါးကို ဖက်ထားပြီး seokjin စကားဆိုမိသည်။

Namjoon အစပိုင်း ငြိမ်နေမိသော်လည်း
ခံစားခဲ့ရတဲ့ နေ့ရက်တွေ၊နာကျင်ခဲ့ရမှုတွေကို
ပြန်တွေးမိတဲ့အခါ အသက်ရှုသံများ ပြင်းလာပြီး
ဒေါသစိတ်များ တလှိုက်လှိုက်  တက်လာတော့သည်။

မိမိခါးကို ဖက်ထားသော လက်ချောင်းနုနုများကို အတင်းဖြုတ်ကာ မျက်နှာချင်းဆိုင် လှည့်လိုက်သည်။အသနားခံနေသလို မျက်လုံးများက
Namjoonရဲ့ ဒေါသများကို မဖြေနိုင်ပါ။သူခံစားခဲ့ရတာ သူအသိဆုံး။

"မခေါ်နဲ့!အဲ့နာမည်ကို ခေါ်ဖို့ မင်းနဲ့ငါက
ဘယ်လိုမှ မသက်ဆိုင်တော့တာမို့ မင်းရဲ့ ပါးစပ်ကနေ 'Kim'ဆိုတဲ့ နာမည်ကို ထပ်မထွက်မိစေနဲ့ "

"Kim အာ ငါ နဲ့ စကားလေး ခနပဲ ပြောဖို့
အချိန်ပေးပါ။ငါ ပြောစရာတွေ အများကြီးရှိနေတယ် "

"ငါ မင်းအတွက် အချိန်လည်း မပေးနိုင်သလို
မင်းမျက်နှာကိုလည်း မမြင်ချင်ဘူး seokjin ။
မင်းက ငါ့အတွက် သေလူလိုပဲ။ကျောင်းဝင်းထဲမှာမို့  အပြုအမူ ဆင်ခြင်ပြီး ငါ့နောက် ဆက်မလိုက်ပါနဲ့။ငါ့မျက်စိရှေ့လည်း ထပ် ပေါ်မလာပါနဲ့ "

"........"

"အနာကျက်နေတဲ့ ဒဏ်ရာဟောင်းကို
ပြန်မဆွနဲ့ seokjin "

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Tempat cerita menjadi hidup. Temukan sekarang