ပညာတွေစုံလို့ မိဘများထံ နှစ်ဦးလုံးရဲ့ ချစ်ခြင်းတွေကို ဝန်ခံခဲ့ကြတဲ့အခါ လေပြင်းများ စတင် ဝင်ရောက်ခဲ့တော့သည်။namjoonရဲ့ မိဘများက
သဘာတူ လက်ခံပေးခဲ့သော်လည်း seokjinရဲ့ မိဘများက ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။
ယောင်္ကျားလေးချင်း ဖြစ်နေသည့်အတွက်ရော၊
Namjoon နဲ့ seokjin ဟာ အဆင့်အတန်းချင်း မတူဘူးဆိုသည့် ဓနဂုဏ် သတ်မှတ်ချက်များနဲ့
သူတို့ရဲ့ ချစ်ခြင်းကို ခွဲခဲ့ကြသည်။သို့ပေမယ့်
Namjoon နောက်မဆုတ်ခဲ့ပါ။seokjinသာ အနားရှိနေရင် သူ ဘာမဆို ရင်ဆိုင်နိုင်သည်။seokjin၏ အားကိုး ယုံကြည်ရသော အိမ်ထောင်ဖက်ဖြစ်သည်ဆိုတာကို သက်သေပြဖို့ seokjinကို
သူ့နောက်လိုက်ခဲ့ဖို့ တောင်းဆိုခဲ့ဖူးသည်။
ဓနဂုဏ် မက်မောတဲ့ မင်းသားလေးက
Namjoonရဲ့ လက်ကို မဆုပ်ကိုင်ခဲ့ပါ။ထိုအစား
ပိုမြင့်တဲ့ ဂုဏ်ထူးရာထူးတွေ ရဖို့ရာအတွက်
မိဘတွေ ပညာတော်သင် လွှတ်တဲ့ UKကို
ထွက်သွားခဲ့သည်။
Namjoon စိတ်နာခဲ့သည်။နောက်ဆုံးအချိန်အထိ
"ပြန်လာတဲ့ အချိန်ထိ စောင့်နေမယ်"လို့ ပြောခဲ့တုန်းက သူ့မျက်လုံးများကို စိုက်ကြည့်ကာ
Seokjin နှုတ်ခမ်းများက ပြတ်သားစွာ ထွက်လာခဲ့သော စကားတစ်ခွန်းက "ဘယ်တော့မှ ပြန်မလာမှာမို့ မစောင့်ပါနဲ့။ဒီရေစက် ဒီမှာ ဖြတ်ကြတာပေါ့ "တဲ့။ကောင်းကင်ပေါ် ပျံတက်သွားသော
လေယာဉ်ပျံနဲ့အတူ namjoonရဲ့
နှလုံးသားသည် အပြီးတိုင် ပါသွားခဲ့သည်။
ချစ်ခဲ့ကြတဲ့ အချိန်တွေရဲ့ ဒဏ်ကြောင့်
လချီ ခံစားခဲ့ရပေမယ့် seokjin ကို နာတဲ့ စိတ်၊
မုန်းတဲ့ စိတ်နဲ့ အားတင်းထားခဲ့သည်။အတတ်နိုင်ဆုံး မေ့ပစ်ထားခဲ့သည်။seokjinမရှိတော့လို့ဟုဆိုကာ ဝမ်းနည်းမနေတော့ပဲ ဘဝကို အကောင်းဆုံး
ဆက်ရှင်သန်ခဲ့သည်။နောက်ပိုင်း တက်ခဲ့တဲ့
ဒီ ကျောင်းတော်ကြီးမှာပဲ ဆရာအဖြစ် ပြန်လျှောက်ရင်း တည်ငြိမ်ခဲ့ရသည်။မိဘများက
Namjoon ခံစားခဲ့ရတာတွေကို သိတာမို့
အချစ်သစ်ရှာဖို့ ဖန်တလဲလဲ ပြောခဲ့သော်လည်း
နှလုံးသား မရှိတော့တဲ့ လူလို အခါခါ ငြင်းဆန်ခဲ့သည်။သူ့ရဲ့ ဘဝ၊နေ့ရက်အချိန်တိုင်းကို
ကျောင်းစာနဲ့ တပည့်များကြားတွင်သာ မြှပ်နှံထားခဲ့သည်။
💘 Part-2 💘
Start from the beginning
