သူတို့အာရုံနဲ့ သူတို့ ရှိနေသည်မို့
ထိုကောင်လေးနှစ်ယောက်ကတော့ဖြင့်
Jimin ကို သတိမထားမိပါ။
"မင်လေး!"
"ဗျာ "
"ကိုယ် ခေါ်နေတာ ကြာပြီ
ဘာတွေ ငေးနေတာလဲ ?"
"အာ...ဒီတိုင်းပါ "
"အင်း...အထဲ ဝင်ကြစို့ "
"ဟုတ် "
Hyungက သူ့ရဲ့ လက်ကို ဆုပ်ကိုင်ကာ
ဆိုင်ထဲ ဦးဆောင် ဝင်သွားသည်။ဆိုင်ထဲရောက်သည်နှင့် မြင်နေရသော မှန်ပြင်ချပ် ဆီကနေ
ဆိုင်အပြင်ကို လည်ပြန်ကြည့်မိသည်။
စောနက မျက်လုံးဝိုင်းလေးများနဲ့
ဆွဲဆောင်မှုရှိစွာ ပြုံးတတ်သော ကောင်ငယ်လေးကို တွေ့လို တွေ့ငြားပေါ့ ။
"မင်လေး "
"ဟမ် "
"သွားရအောင် "
"ဟုတ် "
Hyungသည် သူ့ရဲ့လက်ကို ဆွဲထားရင်းပင်
စားပွဲထိုးကောင်လေး ခေါ်သွားရာနောက်ကို
လိုက်သွားတော့သည်။
အတွေးတွေထဲမှာတော့ ခေတ္တသာ မြင်လိုက်ရသည့် အပြုံးလေးက ထပ်ခါထပ်ခါ မြင်ယောင်နေမိတော့သည်။
.......................................................................
"မင်လေး !အိပ်ပြီလား ?"
"မအိပ်သေးဘူး ..hyung "
"ဒီတိုင်း သတိရလို့ ဖုန်းဆက်လိုက်တာ ..."
"ဟုတ် "
"မင်လေး ဘက်ကရော
ကိုယ့်ကို သတိမရဘူးလား ?"
"နေ့လည်ကမှ တွေ့ထားတယ်လေ "
"အဲ့တော့ သတိမရဘူးလို့ ဆိုလိုတာပေါ့ "
"အဲ့လို မဟုတ် ."
Jiminရဲ့ တိုးစိစိ အငြင်းစကားလေးကြောင့်
ဒယ်ယန်း သဘောကျစွာ ပြုံးမိသည်။
"ကိုယ်က စတာပါ "
Jimin ဘက်က ခေတ္တ တိတ်ဆိတ်နေရာမှ
" Hyung လည်း စောစော အိပ်လေ "
"စိတ်ပူတယ်ပေါ့ "
"......."
"ကဲပါ....ကိုယ်လည်း ခနနေ အိပ်တော့မှာ။
မင်လေး ရော အိပ်တော့ ဟုတ်ပြီလား ?"
💘 Part-2 💘
Start from the beginning
