"အခု ငါ့ကို ချီးကျူးတာလား?အပုပ်ချနေတာလား?"

"ဘယ်ကသာ ချီးကျူးတာပေါ့။
ငါ့သူငယ်ချင်း ဒီလောက်ချောတာ "

Taehyung နဲ့ တူတူ စကားများပြောရင်း
Jungkook မျက်နှာလေးသည် ပြုံးရိပ်သန်းနေတော့သည်။taehyungလို ပျော်ပျော်နေတတ်တဲ့
သူငယ်ချင်းလေးရှိတာ သူ့ပါ အပျော်တွေ ကူးစက်လာသလို ခံစားရသည် ။

"မင်လေး ..ခနစောင့်နော်
ကိုယ် ကားသွားရပ်လိုက်ဦးမယ်"

" ဟုတ် "

Online ပေါ်တွင် နာမည်ကြီးနေသော
ဒီ ဆိုင်လေးကို jimin လာချင်နေသည်မှာ အရင်ကတည်းကပင်။မအားလပ်တဲ့ အချိန်တွေကြောင့်
စိတ်က ရောက်နေပေမယ့် လူက မရောက်ဖြစ်ပေ။ဒီနေ့တော့ ဘာအလုပ်မှ မရှိသည်မို့
Hyungဆီ ဖုန်းဆက်ကာ ဒီဆိုင်ကို
သွားချင်ကြောင်း ပြောခဲ့သည်။အလုပ်ကနေ ချက်ချင်း ရောက်ချလာသော hyungသည်
Jimin ဆန္ဒကို အမြဲ ဦးစားပေးခဲ့ပါသည်။

ဆိုင်ရှေ့ ရောက်သည်နှင့် ကားပေါ်က
အရင်ဆင်းကာ ဆိုင်လေးအား ကြည့်နေမိသည်။
Hyungကတော့ ကား parking သွားရပ်နေသည်မို့
ဆိုင်ရှေ့က တစ်နေရာလေးတွင် မတ်တပ်ရပ်ကာ
စောင့်နေမိသည်။

Hyung ကို စောင့်ရင်း ၊ဆိုင်လေးကို
အပြင်ကနေ တစ်ချက် ကြည့်နေရင်း
ဆိုင်ထဲက ထွက်လာသော ကောင်လေးနှစ်ယောက်ထံ အကြည့်ရောက်မိတော့သည်။
‌uniform ဝတ်စုံလေးများ ကြောင့် ကျောင်းသားများ ဖြစ်သည်ထင်သည်။ထိုဝတ်စုံလေးတွေကို ကြည့်ကာ jimin စိတ်ထဲ ဝမ်းနည်းမိသေးသည်။
သူ့တုန်းက အထက်တန်းအောင်ပြီးနောက်
ကျောင်းထွက်ခဲ့ရသည်မို့ တက္ကသိုလ်ကို ဆက်မတက်နိုင်ခဲ့ပါ။ယခုလို ကျောင်းသားလေးများ တွေ့ရင် jimin ငေးကြည့်နေခဲ့မိသည်။သူမရခဲ့တဲ့
ဘဝရဲ့ လွတ်လပ်မှု အရသာကို ပြန်တွေးကြည့်ရင်း ဝမ်းနည်းမိသည်။

အသည်းပုံနှုတ်ခမ်းလေးများနဲ့ ကောင်လေးက
သူ့ဘေးက မျက်နှာတည်ပြီး မျက်လုံးဝိုင်းလေးများရှိသော ကောင်လေးကို စကားများ
ပြောနေသည်။ထိုကောင်လေး ဘာပြောလိုက်သည်မသိ။

မျက်လုံးဝိုင်းလေးများနဲ့ ကောင်လေးသည်
နှုတ်ခမ်းပါးလေး ကွေးညွှတ်ရုံ ပြုံးသွားသည်။
ယောင်္ကျားလေးတစ်ယောက် ပြုံးတာက
မထူးဆန်းပေမယ့် ထိုကောင်လေးရဲ့
အပြုံးလေးကတော့ ထူးဆန်းသည်။
Jimin ငေးကြည့်နေမိသည်အထိ ထိုကောင်လေးရဲ့ အပြုံးများက သူ့အတွက် ဆွဲဆောင်မှုရှိသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now