နိဒါန်း

12.5K 385 18
                                    

Unicode

Name -A Lady’s Tranquility  /Story of Kunning Palace
Chinese Title: 坤宁/ 宁安如梦 / Ning An Ru Meng
Author - Shi Jing (时镜)
Original Publisher - jjwxc
Episode : 253 Chapters (Completed)

ခွန်းနင်နန်းတော်ရာပုံပြင်

အရင်ဘဝတုန်းက ကျန်းရွှယ်နင်ဟာ မယ်ရီဆူး* တို့ရဲ့
စံနမူနာပြရုပ်တစ်ခုပင်။

(*မယ်ရီဆူး ဆိုတာက  ပြစ်ချက်မရှိ တအားပြီးပြည်စုံလွန်းပြီး အကုန်လုံးက ဝိုင်းကြိုက်ကြတဲ့ ဇာတ်ကောင်ကာရိုက်တာ တစ်ခုပါ)

ဧကရီဆိုတဲ့ ရာဇပလ္လင်ကို ရယူဖို့အတွက်နဲ့ သူမသည် ယောက်ျားများ နှင့် ပတ်သတ်ဆက်နွယ်ကာ ရှုပ်ပွေခဲ့သည်။

သူမ ဧကရာဇ်မင်းနဲ့ ချိန်းတွေ့တဲ့အခါ မှူးကြီးမတ်ရာက အရံလူ

သူမ  စာသင်သားနဲ့ ချိန်းတွေ့တဲ့အခါ ဆရာသခင်ဟာ   အပိုလူ

သူမ သူဌေးသူကြွယ်နဲ့ ချိန်းတွေ့တဲ့အခါ လက်အောက်ငယ်သားဆိုတာက  အခြွေရံအဆင့်

သူမက အမျိုးသမီးတစ်ယောက်နဲ့ချိန်းတွေ့ခဲ့တယ်ဆိုရင်လည်း ယောက်ျားဆိုတာက သူမအတွက်  အပိုသက်သက်သာ

နေ့ရက်တိုင်းဟာ သူမရဲ့ရက်စက်တဲ့တိုက်ပွဲကွင်းပြင်ပင်

ဘယ်လိုအရာတွေ ဖြစ်နေပါစေ
ဧကရာဇ်ဟာ မည်သူပဲဖြစ်နေပါစေ
သူမလိုလားတာက ဧကရီ ဘုရင်မ ဖြစ်ဖို့သာ။

ရူးမိုက်ပြီး ချိုမြိန် အပြစ်ကင်းတဲ့ မိန်းမပျိုလေးရဲ့ နှလုံးသားထဲကို အရောက်လှမ်းနိုင်ပြီလို့ ယောက်ျားတိုင်းက ထင်ခဲ့ကြပေမယ့် မထင်မှတ်ပဲ သူတို့ကိုယ်တိုင်ဟာ အရောင်တွေ ဖုံးကွယ်ထားတဲ့ မိန်းမပျိုလေးတစ်ယောက် ပြင်ဆင်ထားတဲ့   ငါးကန်ထဲကို ကိုယ်တိုင်ကိုယ်ကျ သက်ဆင်းခဲ့မိကြပြီး ထိုမိန်းကလေး ပင်လယ်ဘုရင်အဖြစ် အုပ်စိုးချုပ်ကိုင်တာကို ယာယီ ခံယူခဲ့ကြရသည်။

အဲဒီနောက်မှာတော့ နန်းတော်ရာ တစ်ခုလုံး ‌ပြောင်းလဲသွားကာ
မိန်းမပျိုလေးဟာ သေဆုံးခြင်းဆိုတဲ့ မရဏတရားနဲ့ ရင်ဆိုင်ခဲ့ရလေသည်။

ကောင်းကင်ဘုံက သူမကို ပြန်လည်စတင်ဖို့ အခွင့်အရေးပေးခဲ့ပြန်တော့  စိတ်အားထက်သန်စွာ နောင်တရနေပြီ ဖြစ်တဲ့သူမဟာ  သူမ လျှောက်ခဲ့တဲ့လမ်းကို ပြုပြင်ပါ့မည်ဟု ကတိပြုခဲ့ပေမယ့် သူမ လုံးဝမမျှော်လင့်ထားတာက သူမဟာ ရှုပ်ထွေးပွေလီတဲ့ အချိန်ကာလမှာပဲ ပြန်လည်မွေးဖွားလာခဲ့ရပြီး အရာရာ ပြောင်းလဲဖို့ နောက်ကျနေပြီးသား ဖြစ်ခဲ့ရသည် !

Story Of Kunning Palace (宁安如梦) မြန်မာဘာသာပြန်Where stories live. Discover now