အပိုင်း - ၄၉

Start from the beginning
                                    

မုရှောင်းရှောင် လုရိချန်ကို သူမကိုဂရုမစိုက်‌ ပေးလဲ ရသည် ဟု ပြောပြကာ အတန်းပြန်တက်ခိုင်းချင်မိသည်  သူက ထိပ်တန်းကျောင်းသားတစ်ဦး ဖြစ်တာ‌ကြောင့် အတန်း ပျက်ကွက်တာကို ကြိုက်မည် မဟုတ်ပေ

“ မင်းဘယ်ကိုသွားချင်လဲ။ မင်းနဲ့ ကိုယ် အဖော်  လိုက်ပေးမယ်”

လို့ လုရိချန်နှုတ်က ပြောတာကို သူမကြားကြားချင်း
မုရှောင်းရှောင် အနည်းငယ်တုန်လှုပ်သွားပြီး

"ကျွန်မကို အဖော် လိုက်ပေးမယ် ?? ရှင်  အတန်းသွားစရာမလိုဘူးလား? "

လုရိချန်ကတော့အပြုံးလေးနဲ့

" တကယ်တော့ ကိုယ်လဲ တစ်ခါတလေအတန်းတွေကို တက်ရတာ သိပ်မကြိုက်ဘူး ဒါကထူးဆန်းလို့လား "

မုရှောင်းရှောင် ဟုတ်ကဲ့ လို့ပြောချင်ပေမယ့် သူမခေါင်းကိုမြန်မြန်ခါလိုက်သည်

  " မထူးဆန်းဘူး လုံး၀ မထူးဆန်းဘူး !"

ကျောင်းသားများ အတန်းမတက်လိုခြင်းသည် ပုံမှန်ပင် ဖြစ်သည်  အမြဲတမ်း အတန်းတက်ချင်နေတဲ့သူကသာ ပုံမှန်မဟုတ်တာ

"ကဲ ဘယ်သွားကြမလဲ?" 

ကျောင်းက အတော်အတန်ကြီးမားသော်လည် ရှေ့နောက်  လျှောက်နေတာနဲ့ လူတွေ အာရုံထပ်စိုက်တာခံနေရဦးမည်

"မင်းက အပြင်ထွက်ချင်တာလား ? " 

မေးလိုက်သည့်အခါ ‌လုရိချန်ရဲ့  နက်ရှိုင်းတဲ့ မျက်လုံးများ တွေက ထက်မြလို့နေသည်

Translated By Esther Yam
ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်


Zawgyi

အပိုင်း - ၄၉ သူမကို တမင် လာရှာတာ

လုရိချန် မုရှောင်းရှောင်ရဲ့ ကွဲအက်အက် အသံကိုနားထောင်ပြီးမျက်မှောင်ကြီးကြုတ်လျက်

“ မင်းဒီမှာဘယ်လောက်ကြာကြာပုန်းပြီး ငိုနေတာလဲ?

ရှောင်း‌ရှောင် အသက်ပြင်းပြင်းရှူကာ စိတ်အခြေအနေများ‌ ကောင်းအောင် လုပ်ကာ  မျက်ရည်များကို လက်နဲ့ သုတ်ပြီး မတ်တပ်ရပ်လိုက်သည်။

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now