အပိုင်း - ၄၉

Ξεκινήστε από την αρχή
                                    

“ ဒါပေမယ့်…”

"ဒါက ကိုယ့်အမှားပါ  ကိုယ် တောင်းပန်ပါတယ် မင်းကို မနက်က အဲဒီလို မပြောလိုက်သင့်ဘူး" 

လုရိချန် တကယ် အလေးအနက် မုရှောင်းရှောင်ကို တောင်းပန်မိသည်

မုရှောင်းရှောင် သူမမှာတာဝန်ရှိတယ်လို့ပြောချင်ပေမယ့် ယင်းရှောင်ကျဲ ရဲ့သဘောထားကဒီလောက် ပြတ်သားနေတော့ သူ့ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့သူမစည်းရုံးနိုင်ဘူးလို့ထင်မိတယ် ပြီးတော့    လုရိချန်ကို သူမက ယင်းရှောင်ကျဲနဲ့ အဆက်သွယ်ရှိကြောင်းသိအောင် မပြောသင့်ဟုလည်း
ယူဆသည်။

"ကဲ ... ဒီမှာ ရပ်မနေတော့ဘဲ ဒီကနေ  အရင်သွားကြရအောင်"

မုရှောင်း‌ရှောင်ကပဲ အရင် အကြံပြုလိုက်သည်

မူလက ယင်းရှောင်ကျဲ သူမကိုရှာရန်ပြန်လာလိမ့်မည်ဟုမျှော်လင့်ခဲ့သည်   ယခုမူ လုရိချန် ဒီမှာ ရှိနေပြီ ဖြစ်၍
ယင်းရှောင်ကျဲ တွေ့သွားမှာ ကြောက်ရွံ့နေမိသည်  သူတို့နှစ်ယောက်သာ ထိပ်တိုက် ဆုံတွေ့သွားရင် ကောင်းတာတစ်ခုမှ ဖြစ်လာမှာ မဟုတ်ပေ

ဒါနဲ့ ယင်းရှောင်ကျဲနဲ့ လုရိချန်က ထိပ်တိုက် တွေ့တာရှိဖူးတာလား?

ဒါကြောင့် မုရှောင်း‌ရှောင်က ဒီက‌နေ အရင်ထွက်သွားချင်သည်

“ ကောင်းပြီ၊ သွားကြစို့၊ ဆရာမ ရောက်လာမှာကို မစောင့်‌ နေတော့ဘူး။ ”

လုရိချန်  သူမကို လှေကားထောင့် ကနေ ဆွဲခေါ်ထုတ်သွားသည်

  ဗလာကျင်းသောလမ်းမပေါ် မှာ သူတို့နှစ်ယောက်ထဲလမ်းလျှောက်နေခဲ့သည်။

စာသင်ချိန်ဖြစ်လို့ ပတ်ပတ်လည်မှာ လူလုံးမရှိ ရှင်းလို့နေသည်

“ မင်းစာသင်ခန်းထဲပြန်ချင်လား”

မုရှောင်းရှောင် သေချာ စဉ်းစားပြီးခေါင်းခါလိုက်ကာ

"ဟင့်အင်း  မပြန်ချင်ဘူး"

သူမ မမြင်နိုင်တာတောင်မှ သူမရဲ့မျက်လုံးကဘယ်လောက်နီ နေမလဲ ဆိုတာခန့်မှန်းနိုင်သည်  အကယ်၍ သူမသည်အတန်းသို့ပြန်သွားပါက ယုကျန်က မေးခွန်းများ တရစပ် မေးလိမ့်မည် အခြားကျောင်းသားများတွေကလဲ သိချင် စပ်စုချင် ကြလိမ့်မည် ဖြစ်သောကြောင့်  သူမ ပြန်မသွားချင်ပေ

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Όπου ζουν οι ιστορίες. Ανακάλυψε τώρα