193

1.3K 263 1
                                    

၁၉၃။ ဇွန်ဘီတွေကြောက်လို့ပြေးသွား

လင်းချင်း၏ နယ်မြေထဲက လူများကတော့ အချင်းချင်း ကြည့်နေမိကြကာ ဘာဖြစ်မှန်းမသိသေးပေ။ လုထန်ရိကို မြင်သည့်အခါ သွက်လက်သည့်လူတစ်ယောက်က ချက်ချင်းမေးသည်။

"ကပ္ပတိန် ဒါကသီးသန့်နယ်မြေမလား?"

လုထန်ရိသည် ကန်ကိုတစ်ချက်ကြည့်ပြီးနောက် မြက်ခင်းနှင့် သပ်ရပ်စွာရှိနေသည့် ပရိဘောဂများကို ကြည့်လိုက်ကာ အနားက မီးဖိုလေးကို ကြည့်သည်။ သူနှင့် ကောင်းချင်းမင်းတို့သည် ဒီကိုအရင်ရောက်သည်ဖြစ်ရာ နှစ်ယောက်လုံးသည် ဒီနယ်မြေကို နှစ်ကြိမ်တောင်အောင် လေ့လာပြီးသားဖြစ်သည်။ သူ့အသင်းဖော်များ၏ မေးခွန်းကို ကြားသည့်အခါ သူသည် မတုံ့ဆိုင်းဘဲ ဖြေသည်။

"ငါလည်း ဒီလိုပဲထင်တယ်။ ဒါပင်မယ့် ငါတို့ကိုခေါ်လာတဲ့တစ်ယောက်ကို မြင်လိုက်ကြလား?"

အခြားလူများသည် ခေါင်းခါကြသော်လည်း ကောင်းချင်းမင်းက

"သူကအရမ်းမြန်တယ်။ ငါဆိုရင် အစိမ်းပုပ်ရောင်အရိပ်ပဲ တွေ့လိုက်ရတယ်။ ငါတို့ဒီရောက်ပြီးတော့ သူတခြားသူတွေကို ခေါ်လာတဲ့အချိန်တော့ သူကပြောက်ကျားအကျီဝတ်ထားတာ ငါမြင်လိုက်တယ်"

အခြားသူများသည် သူ့ကိုလှည့်ကြည့်ကြသည်။

"ဒီကိုရောက်အောင် ဘယ်လိုများ မြန်မြန်ပို့လဲမသိဘူး။ ဇွန်ဘီခေါင်းဆောင်တွေက အရမ်းမြန်တာ။ သူဘယ်လိုများလုပ်ပါလိမ့်?"

လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် အချင်းချင်းကြည့်လိုက်ပြီးနောက် ကောင်းချင်းမင်းက
"ငါတို့လည်း ဒါကိုသိချင်နေတာ"

ထို့နောက် သူ့အသင်းဖော်များကို ရေတွက်ကာ
"သုံးယောက် ကျန်နေသေးတယ်"

ထိုအခါမှ အခြားသူများသည်လည်း ရေတွက်ကြည့်သည့်အခါ နယ်မြေထဲတွင် ၁၀ယောက်ရှိကြောင်းကို သိလိုက်သည်။ နောက်ဆုံးမှ ရောက်လာသည့် တစ်ယောက်က ပြောသည်။

"ဒီနယ်မြေပိုင်ရှင်က နောက်သုံးယောက်ကို ကယ်နိုင်မယ် မထင်ဘူး။ ငါတို့ဒီကိုမရောက်ခင် ဇွန်ဘီခေါင်းဆောင်တွေက သူတို့မျက်စိရှေ့တင် ငါတို့နှစ်ယောက် ပျောက်သွားလို့ အတော်ဒေါသထွက်နေတာ။ အခုဆိုရင် အတည်တိုက်နေကြလောက်ပြီ"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now