18

2.7K 459 0
                                    

၁၈။ အသိညဏ်ရှိဇွန်ဘီ

ဝူလင်းယွဲ့ကို ပြန်ကြည့်နေရင်းဖြင့် လင်းချင်းသည် စတော်ဘယ်ရီသီးကိုသာ ဝါးစားနေသည်။ စတော်ဘယ်ရီသီးသည် သူမ၏ပါးစပ်ထဲတွင် ပျော်ကြနေသည်။ ဝမ်းနည်းစရာက ဒီအရသာကို သူမမသိရသလို ဗိုက်ကလည်း ဒီလောက်နဲ့ မကျေနပ်ပေ။ ထိုအခါ သူမသည် ဆက်မစားတော့ဘဲ ကိုက်ထားသည်ကို မြက်ခင်းပေါ်သို့ လွှတ်ပစ်လိုက်သည်။

သူမသည် ဝူယွဲ့လင်း၏လက်ထဲက သူမပေးထားသည့် အရုပ်ကိုကြည့်ပြီးနောက် သူမအား အနားသို့လာရန် လက်ယက်ပြလိုက်သည်။ သို့သော်လည်း သူမကို လက်ယက်ပြကာ ခေါ်နေသည့် လင်းချင်းကို မြင်သည်နှင့် ဝူယွဲ့လင်းသည် လှည့်ပြေးတော့သည်။

လင်းချင်းသည် သက်ပြင်းချလိုက်သည်။
'ကလေးမလေးက အနားကိုမလာတော့လည်း ငါ့ဟာငါပဲ ပျော်စရာရှာရတော့မှာပေါ့'

သူမထပ်ကြည့်လိုက်သည့်အခါ ဝူယွဲ့လင်းသည် မြက်ခင်းထဲတွင် ထိုင်ချကာ ပုန်းနေသည်။
'အဲ့ဒီကလေးမလေးက ပိုးကောင်တွေ ဘာတွေတော့ မကြောက်လောက်ဘူးမလား?'

လင်းချင်းသည် မြက်ထူထူများရှိသည့်နေရာသို့ လှည့်သွားလိုက်ကာ မြက်ရှည်ရှည်များကို ခူးလိုက်သည်။ ထိုမြက်များသည် သန္ဓေပြောင်းသွားပါက လူတို့၏အသားအရည်ကို ထိခိုက်ကာ ရှစေနိုင်သည်။ သို့သော်လည်း သူမကတော့ ဇွန်ဘီဖြစ်သဖြင့် ဒီမြက်က မထိခိုက်စေပေ။

ထိုမြက်ခူးပြီးသည့်အခါ သူမသည် ဖားရုပ်၊ ဘောလုံး၊ လိပ်ပြာနှင့် အခြားလက်ဝတ်တန်ဆာသေးသေးလေးများကို ခေါက်ကာ ပြုလုပ်သည်။ ပြီးသွားသည်နှင့် မြက်တောထဲကနေ သူမအား ချောင်းကြည့်နေသည့် ဝူယွဲ့လင်းအား တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမ၏နယ်မြေမှ ပြန်လာတော့သည်။

ဒီနယ်မြေက ဘယ်လိုဖြစ်လာသလဲ သူမမသိပေ။ သူမက ဒီကိုခေါ်ဆောင်ခံရခြင်းလား? သူမ၏ဝိညာဉ်ကြောင့် ဖြစ်ပေါ်လာသည်လား? လုထန်ယု၏ကိုယ်ထဲမှာ အရင်ထဲက ရှိနေသော်လည်း ဝင်မရခြင်းမျိုးလား? ဒီနယ်မြေ၏ လုပ်ဆောင်ချက်များကို သေချာမသိသော်လည်း သိုလှောင်ကာ စိုက်ပျိုးနိုင်သည်ကိုတော့ သူမသိသေးသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now