145

1.9K 376 6
                                    

၁၄၅။ ခနထွက်သွားခြင်း

အဆောက်အဦးပေါ်မှ ဆင်းလာသည့်အခါ လင်းချင်းသည် စာအုပ်ထုတ်ကာ ရေးလိုက်ပြီးနောက် ဟိုတယ်ဘက်ကို လက်ညိုးထိုးပြသည်။ အခြားသူများက သူမ၏စာကိုဖတ်လိုက်သည်။

'ဟိုမှာ ဟိုတယ်ရှိတယ်'

"ဟိုတယ်လား? ကောင်းသားပဲ။ ဘယ်လောက်ဝေးလဲ?"
အမျိုးသမီးလင်းသည် မေးသည်။

လင်းချင်းက လက်နှစ်ချောင်းထောင်ပြသည်။

အခြားသူများသည် ထိုဘက်သို့ကြည့်သော်လည်း မီတာရာပေါင်းများစွာတွင် ဟိုတယ်လို အဆောက်အဦးကို မတွေ့သဖြင့် နှစ်မိုင်ဖြစ်လောက်မည်ဟု ခန့်မှန်းလိုက်သည်။ လင်းဟောင်က သေချာအောင်
"နှစ်မိုင်လား?"

လင်းချင်းသည် ခေါင်းငြိမ့်ပြကာ အကျင့်ပါနေသည့်အတိုင်း လက်မထောင်ပြလိုက်သည်။ လင်းဟောင်သည် သူမထောင်ပြသည့်လက်မကို ထူးဆန်းစွာ ကြည့်ပြီးနောက် လင်းဖန်နှင့် အမျိုးသမီးလင်းတို့အား
"နှစ်မိုင်လောက်ဆိုတော့ လျှောက်သွားလို့ရတယ်"

"ကျင်းချန် ထန်ရှင်းကို သယ်ခဲ့"
ထို့နောက် သူ့နောက်တွင်ငြိမ်ရပ်နေသည့် တပ်သားတစ်ယောက်အား ပြောလိုက်သည်။

အရပ်ရှည်ကာ သန်မာသည့် ဝေကျင်းချန်သည် ရိုင်ဖယ်ကိုလွယ်ပြီးနောက် အကျီလက်ကိုပင်တ့င်ကာ လျှောက်လာပြီးနောက် ယွမ်ထန်ရှင်းအနားတွင် ထိုင်လိုက်သည်။ အခြားသူများက သူ့ကျောပေသို့ ယွမ်ထန်ရှင်းအား တင်ပေးလိုက်သည်။

လင်းချင်းသည် အဆောက်အဦးရှိရာသို့ သူတို့ရှေ့က သွားသည်။ တကယ်တော့ သူမသည် ဒီလူတိုင်းကို နယ်မြေထဲသို့ ထည့်ချင်သော်လည်း ဒီလိုလုပ်ဖို့ အချိန်မဟုတ်ပေ။ သူတို့သည် သူမနှင့် မရင်းနှီးသေးသလို ခံစားရမည်ဖြစ်သောကြောင့် နယ်မြေထဲကို လိုက်ချင်မှာ မဟုတ်ပေ။

လင်းဝမ်ဝမ်သည် ချန်းဝမ်ရှုဘေးကနေ လင်းဖန်အား
"အကိုကြီး ယောင်းမကို ညီမလေးထိန်းထားပေးမယ်။ အကိုကြီးကြည့်ရတာ မကောင်းဘူး။ ဘာဖြစ်လို့လဲ?"

လင်းဖန်သည် မငြင်းဘဲ သူ့မိန်းမအား သူ့ညီမလေးဘက်သို့ တွန်းပို့ကာ ဘေးကနေ လျှောက်ရင်း
"ငါအဆင်ပြေတယ်။ စိတ်မပူနဲ့"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now