100

2.9K 507 17
                                    

၁၀၀။ ရွံ့ဖို့ကောင်းတဲ့ ဇွန်ဘီ

ကားမောင်းနေသည့် ချိုင်ဟုန်ချင်းသည် နောက်မှန်ကိုကြည့်ကာ ဇွန်ဘီတွေက မရပ်ဘဲ လိုက်လာနေသည်ကို မြင်သဖြင့် အံ့သြကာ

"ဘာဖြစ်နေတာလဲ? ဒါအဆင့်လေးဇွန်ဘီရဲ့ ပိုင်နက်မလား? ဒါမှမဟုတ် ဒီဇွန်ဘီတွေက ထိန်းချုပ်ခံထားရတာလား?"

"ထိန်းချုပ်တာ? အဆင့်လေးဇွန်ဘီကမှ မလုပ်နိုင်ဘူးမလား? သူတို့က အဆင့်ငါးဇွန်ဘီခေါင်းဆောင်လို မဟုတ်ကြဘူး"
ကားနောက်ခန်းမှ ချန်းလီက စိတ်ရှုပ်စွာပြောသည်။

တူယွမ်ရှင်းသည် ကားပြတင်းပေါက်မှ ခေါင်းထုတ်ကာ အပြင်ကအခြေအနေကို ကြည့်နေသည်။ သူတို့သည် ကားကိုအမြန်မောင်းလာသဖြင့် ဇွန်ဘီများက လိုက်လာနိုင်တာ နည်းသွားသည်။ သို့သော်လည်း ဒီနေရာသို့နီးလာလေလေ ဇွန်ဘီများထွက်လာသည်က များလေလေ ဖြစ်နေသည်။

ဇွန်ဘီအုပ်ကြီးသည် သူတို့ဆီသို့ အကြောက်ကင်းစွာဖြင့်ပြေးလာကြသည်။ ကြည့်ရသည်မှာ ဒီနေရာသည် အဆင့်မြင့်ဇွန်ဘီ၏ ပိုင်နက်မဟုတ်တော့သည့်အခါ အဆင့်နိမ့်များက လွတ်လပ်စွာ သွားလာနိုင်ကြတာ ဖြစ်သည်။ အရင်တုန်းက ဒီနေရာသည် တိတ်ဆိတ်သော်လည်း အခုတော့ အရာအာလုံးက ပြောင်းလဲကုန်ပြီ။

"မကောင်းတော့ဘူး ဇွန်ဘီတွေ ပိုများလာပြီ"
တူယွမ်ရှင်းသည် မျက်မှောင်ကျုံ့ကာ အပြင်ကိုလေ့လာပြီးသည့်အခါ ပြောသည်။

ထိုအချိန်တွင် လုံချင်းယင်သည် ကားအမိုးပေါ်မှ သူမ၏ဂျပန်ဓားရှည်ကိုကိုင်ကာ ထလာသည်။ သူမသည် ကားပေါ်တွင် မတ်တပ်ရပ်လိုက်သည်နှင့် သူမ၏မျက်နှာသည် သတိအပြည့်ဖြင့် ဖြစ်သွားသည်။ သူမသည် ဓားရှည်ကို ဘယ်လက်တွင်ကိုင်ကာ ကျောနောက်သို့ ပို့ထားပြီး ညာလက်ဝါးကို ဇွန်ဘီများဘက်သို့ ဖြန့်လိုက်သည်။

ဇွန်ဘီများက ဆယ်မီတာလောက်သာ ကွာတော့သည့်အခါ သူမသည် လက်ချောင်းများကို ကွေးလိုက်သည်။ ဒီလိုလုပ်လိုက်သည်နှင့် တံခါးပေါင်၊ သံများနှင့် စတီးချောင်းစသည့် အနားရှိသတ္တူပစ္စည်းများသည် လွင့်ပျံလာသည်။ သူမ၏အရှေ့သို့ရောက်သည့်အခါထိုသတ္တူများသည် လေထဲတွင် အရည်ပျော်ကာ သတ္တုလုံးဖြစ်သွားကြသည်။ ထို့နောက် အရည်ထပ်ပျော်ကာ သံချွန်များအဖြစ်သို့ မာကြောသွားကာ ကားနောက်က ဇွန်ဘီများဆီသို့ ပျံသွားကြသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Donde viven las historias. Descúbrelo ahora