146

2K 359 7
                                    

၁၄၆။ ပြေးလိုက်ရခြင်း

လင်းဝမ်ဝမ်သည် ခေါင်းငြိမ့်ကာ
"အာ အကိုကြီးတို့က တပ်သားဖြစ်ခဲ့ဖူးတယ်! ဒီလက်အမူအယာတွေက တပ်သားတွေပဲ သုံးတာတွေလား?"

လင်းဖန်သည် ခေါင်းငြိမ့်ကာ လမ်းလျှောက်ရင်း ပြောသည်။
"ဒါကြောင့် သူ့ကို အထူးတပ်သားဟောင်း ဖြစ်ခဲ့လောက်တယ်လို့ ငါပြောတာ"

"ဒါပင်မယ့် ဘာဖြစ်လို့ ကပ္ပတိန်ကြီးကိုမှ လုပ်ပြတာလဲ?"
တူယွမ်ရှင်းက မေးသည်။
"နားလည်မယ်ဆိုတာ သိလို့လား? ဒါဆိုရင် သူစာရေးနေစရာ မလိုတော့ဘူး။ ပြောစရာရှိရင် လက်အမူအယာပြလို့ ဖြစ်တာပဲ"

"ငါနားလည်မယ်ဆိုတာကို သူဘယ်လိုသိလဲ ငါလည်းတွေးနေတာ"
လင်းဖန်က ပြောသည်။

တူယွမ်ရှင်းက ခနတွေးကာ
"ကပ္ပတိန်ကြီးရဲ့ လက်အောက်ငယ်သားလို့ သူပြောတာ မထူးဆန်းတော့ပါဘူး။ ကပ္ပတိန်ကြီးကို သူသိပုံရတယ်။ ဒါကြောင့် ဒီလိုလုပ်ပြသွားတာ"

လင်းဖန်သည် ခနတွေးပြီးနောက် ခေါင်းငြိမ့်လိုက်သည်။ တူယွမ်ရှင်း၏ စကားများသည် ဖြစ်နိုင်သည်။

ထို့နောက် တူယွမ်ရှင်းက ထပ်မေးပြန်သည်။
"ဒါပင်မယ့် ဘာဖြစ်လို့ သူထွက်သွားတာလဲ? ဘာသွားလုပ်တာလဲ? တစ်ခုခု အရေးကြီးတာ တွေ့သွားလို့လား?"

လင်းဖန်လည်း ခေါင်းငြိမ့်ကာ
"ဒီလိုပဲထင်တယ်။ သူကဇွန်ဘီဆိုတော့ ငါတို့ထက် အာရုံခံနိုင်စွမ်းက ဆယ်စကျော်ကောင်းတယ်။ ဒီနေရာက မဟုတ်တာတစ်ခုခုကို တွေ့သွားလို့ ခနထွက်သွားတာ ထင်တယ်"

"အလျင်စလို သွားတာဆိုတော့ ဘာများဖြစ်လို့ပါလိမ့်?"
တူယွမ်ရှင်းသည် လင်းချင်းသွားရာဘက်ကိုကြည့်ကာ ပြောသည်။

. . .

အဆောက်အအုံပေါ်ရောက်သည်နှင့် လင်းချင်းသည် တစ်ဖက်သို့ ရှောင်လိုက်သည်။ ထို့နောက် သူမသည် ကိုယ်ဖျောက်လိုက်သည်။ ကိုယ်ဖျောက်လိုက်သည့်အခါ လူရော ဇွန်ဘီရော သူမကို မတွေ့နိုင်ပေ။ ကိုယ်ပျောက်ခြင်းသည် တိုက်ခိုက်မှုများကို မလုပ်နိုင်သော်လည်း စိတ်ကြိုက် လှုပ်ရှားနိုင်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Tahanan ng mga kuwento. Tumuklas ngayon