88

2.3K 502 6
                                    

၈၈။ လင်းလင်း၏ လက်ရှိအခြေအနေ

ချူးလီလီ၏ အော်သံကိုကြားသည့်အခါ ဇွန်ဘီအုပ်ကြီးသည် လမ်းဘေးသို့ ဆင်းသွားကြသည်။ သူတို့၏ သပ်သပ်ရပ်ရပ်စီနေခြင်းမှ တကွဲတပြားဖြစ်သွားကြသည်။ ဇွန်ဘီများသည် တစ်စုံတစ်ရာကို ကြောက်သွားသည့်အလား ချူးလီလီနှင့် လင်းချင်းတို့အရှေ့မှနေ ကြောက်လန့်တကြား ထွက်သွားကြကာ သူတို့နေဖို့ အခြားနေရာကို လိုက်ရှာကုန်ကြပြီ ဖြစ်သည်။

လမ်းသည် ရှင်းသွားသည်နှင့် လင်းချင်းသည် ကားစက်နှိုးလိုက်သည်။ ချူးလီလီသည် ကားထဲကို ပတ်ကြည့်နေပြီးနောက် နောက်ခုံကိုကြည့်လိုက်စဉ်တွင် ကားထဲမှာ နောက်ဇွန်ဘီတစ်ကောင်ရှိကြောင်းကို သတိရသွားသည်။ ထို့ကြောင့် လင်းချင်း၏ စာအုပ်နှင့် ဘောပင်ကို ကောက်ယူလိုက်ကာ
'မကြီးရဲ့ သူငယ်ချင်းရော? သူ့မှာရော မှတ်ညဏ်တွေရှိတာလား?'

လင်းချင်းမတိုင်ခင် ချူးလီလီသည် မှတ်ညဏ်ရှိသည့် အခြားဇွန်ဘီများကို မတွေ့ဖူးသဖြင့် အခုတော့ အခြားဇွန်ဘီများအပေါ် စိတ်ဝင်စားလာပြီ ဖြစ်သည်။

လင်းချင်းသည် ကားမမောင်းရသေးသဖြင့် စာရွက်နှင့် ဘောပင်ကိုယူကာ ရေးပြလိုက်သည်။
'ငါ့နယ်မြေထဲမှာ။ နင့်ကိုကြောက်နေတယ်'

သူမဆိုလိုသည်မှာ ကျွင်းကျွင်းကို အဆင့်ခြောက်ဇွန်ဘီမလေး ချူးလီလီနှင့် တွေ့ပေးမည့်အစား နယ်မြေထဲတွင်သာ ထားသင့်သည်။

အဆင့်ငါးဇွန်ဘီများကို ဇွန်ဘီခေါင်းဆောင်ဟု ခေါ်ကြရာ အဆင့်ခြောက် ဇွန်ဘီဆိုရင်တော့ ဇွန်ဘီဘုရင်နှင့် ဘုရင်မဟု ခေါ်ရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အခုချိန်ထိ တွေ့သမျှထဲတွင် အဆင့်အမြင့်ဆုံးဖြစ်သောကြောင့်ပင်။ အဆင့်၇ဇွန်ဘီများကို လူသားများက မတွေ့ဖူးကြသေးသော်လည်း သူတို့အား ဇွန်ဘီထိန်းချုပ်သူများဟု ခေါ်ကြသည်။

ငယ်ရွယ်ကာ ချစ်ဖို့ကောင်းသည့် လေစွမ်းအားရှင် ဇွန်ဘီဘုရင်မလေးသည် လင်းချင်းဘေးတွင် ထိုင်လိုက်လာသည်။ ချူးလီလီက ဘယ်လောက်အစွမ်းကြီးသလဲ လင်းချင်းမသိသော်လည်း သူမရလိုက်သည့် အန္တရာယ်အငွေ့အသက်အရဆိုလျှင် သူမသည် ဝူယွဲ့လင်း၏အဖေနှင့် ယှဉ်တိုက်နိုင်လောက်အောင် သန်မာသည်။ သူမသည် အဆင့်ခြောက်ဇွန်ဘီဖြစ်သောကြောင့်ပင်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now