87

2.4K 512 19
                                    

၈၇။ ချူးလီလီ၏ လှုပ်ရှားမှု

လင်းချင်းသည် တွေ့စက တိုက်ခိုက်ဖို့အတွက် အသင့်ပြင်ထားခဲ့သော်လည်း အခြေအနေက ဒီလိုဖြစ်သွားသည်။ သူမသည် စာရေးပြလိုက်ကာ
'တောင်ဘက်က စခန်းနှစ်ခုရဲ့ တည်နေရာကို နင်သိလား? အဲ့ဒီကို ငါသွားချင်လို့'

ချူးလီလီသည် စာကိုဖတ်ကြည့်ပြီးနောက် ခေါင်းငြိမ့်ကာ ပြန်ရေးပြသည်။
'အဲ့ဒီစခန်းနှစ်ခုကို သွားမလို့လား? ဘယ်မှာလဲဆိုတာသိတယ်။ ဒါပင်မယ့် မကြီးက ဘာသွားလုပ်မှာလဲ?'

သူမသည် လင်းချင်းမျက်နှာကို သေချာကြည့်လိုက်သည့်အခါ မျက်နှာသည် ပျက်စီးနေကြောင်း သိလိုက်ရသည်။ ဆံပင်များကို မဆေးမကြောဘဲ ကပိုကယိုစီးထားသည်။ သူမသည် လင်းချင်း၏မျက်လုံးကို ကြည့်ပြီးနောက် နှုတ်ခေါင်းနှင့် နှုတ်ခမ်းများကို သေချာကြည့်သည်။

လင်းချင်းသည် သူမ၏အကြည့်ကြောင့် အနေရခက်လာစဉ်တွင် သူမသည် စာရေးပြသည်။
'မကြီးက မျက်လုံးရော၊ နှာခေါင်းရော ၊နှုတ်ခမ်းနဲ့ မျက်နှာကျပုံကအစ အတော်လှတယ်။ ဒါပင်မယ့် အမာရွတ်တွေက အတော်ဆိုးတာပဲ! အဲ့ဒါကြောင် ရုပ်ဆိုးတယ်လို့ ထင်နေရတာ'

လင်းချင်းသည် ဆွံအသွားလေသည်။ ချူးလီလီကသာ သူမကို ရုပ်မဆိုးဘူးထင်သည့် တစ်ဦးတည်းသောသူဖြစ်သည်။ ချူးလီလီသည် သူမကိုခနကြည့်ပြီးနောက် စာထပ်ရေးပြသည်။
'အခုတောင်ဘက်ကို သွားမလို့လား? ဒီမှာခနနားချင်လား?'

လင်းချင်းသည် သူမစာကိုဖတ်ပြီးနောက် ခေါင်းခါလိုက်သည်။ သူမသည် မိသားစုကို ရှာဖို့လိုလေရာ မြန်လေကောင်းလေဖြစ်သည်။ သူမသည် ခေါင်းခါလိုက်ကလေရာ ချူးလီလီသည် ခနတွေးသွားပြီးမှ စာဆက်ရေးပြသည်။
'ဒါဆိုရင်လည်း ညီမလေးနေနဲ့နေရာကို ခနလောက် လိုက်ခဲ့ပေးပါဦး။ မကြီးမှာ နယ်မြေရှိတယ်ဆိုရင်တော့ ပစ္စည်းတွေအကုန်လုံးကို မကြီးနယ်မြေထဲကို ထည့်လိုက်မယ်'

လင်းချင်းသည် ခေါင်းငြိမ့်လိုက်သည်။ ဒီလိုလုပ်ရသည်မှာ သူမအတွက် လွယ်ကူလွန်းသည်။ သူမခေါင်းငြိမ့်ပြသည်ကို မြင်သည့်အခါ ချူးလီလီသည် သူမကို လက်မောင်းကနေ ဆွဲခေါ်သွားသည်။ လင်းချင်းသည် သူမ၏ကိုယ်က လေလိုမျိုး ရှိနေသည့်နေရာမှနေ လွင့်သွားသလို ခံစားလိုက်ရသည်။ ချူးလီလီ၏ လှုပ်ရှားမှုသည် မြန်လွန်းလေရာ လင်းချင်းသည် ပတ်ဝန်းကျင်ကိုတောင် သေချာမမြင်လိုက်ရခင်တွင် သူတို့သည် အနောက်တိုင်းဆန်သည့် အဆောက်အအုံလေးရှေ့သို့ ရောက်လာကြသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now