16

2.7K 463 0
                                    

၁၆။ သန္ဓေပြောင်း စတော်ဘယ်ရီ

နာရီဝက်လောက် ပြေးပြီးသည့်အခါ လင်းချင်း၏ အရှိန်သည် အခြားအဆင့်တစ်ခုသို့ ရောက်သွားသည်။ သို့သော်လည်း သူမကတော့ သတိမထားမိပေ။ သူမသည် ရင်ထဲတွင် ပြည့်သလိုဖြစ်လာသော်လည်း စတော်ဘယ်ရီခင်းသို့ ရောက်မှရပ်တော့သည်။ ဒါက သူမအရမ်းမြန်လို့လား အရမ်းဝေးဝေးသွားမိလို့လားတော့ မသိပေ။ သို့သော်လည်း ဒါကသူမခန္ဓာကိုယ်ကို မထိခိုက်စေသဖြင့် လျစ်လျူရှုထားခြင်းသာ။ သူမသည် ပြွတ်သိပ်ပြီး သန်စွမ်းနေသည့် စတော်ဘယ်ရီခင်းအစွန်းတွင်ရပ်လိုက်သည်။

'ဘယ်သူမှ ဒီနေရာကို မတွေ့တာလား? အသီးတွေက သန္ဓေပြောင်းလို့လား?'

အခုကမ္ဘာပျက်ကပ်ခေတ်တွင် ၆၀နှင့်၇၀ ရာခိုင်နှုန်းသော အပင်တို့သည် သေကုန်ကြခြင်း သို့မဟုတ် သန္ဓေပြောင်းခြင်းတို့ ဖြစ်ကုန်ကြသည်။ ပုံမှန်အားဖြင့် သန္ဓေပြောင်းအပင်တို့သည် အဆိပ်ရှိခြင်း သို့မဟုတ် လူသားစားခြင်းတို့ ဖြစ်လာသည်။ သန္ဓေပြောင်းအကောင်များလိုပင် အပင်များသည်လည်း သေစေနိုင်သည့် လူသတ်သမားတို့ ဖြစ်လာကြသည်။ ထို့ကြောင့် သက်ရှိလူသားများသည် အပင်ပေါများသည့် နေရာများဖြစ်သည့် ပန်းခြံ၊ တောင်နှင့် သစ်တောများကို ရှောင်ကျဉ်လာကြတော့သည်။

လင်းချင်း၏အရှေ့က စတော်ဘယ်ရီအခင်း၏ အရွက်နှင့် အမြစ်တို့သည် ပုံမှန်အပင်များ၏ သုံးဆ၊လေးဆလောက်ကို ကြီးမားနေကြသည်။ ထူးဆန်းသည့် အစိမ်းရောင်နှင့်အတူ အနီပျောက်တို့ဖြင့် ဒီအခင်းထဲမှ ပုပ်သိုးအနံ့တို့က ထွက်လာသည်။ ဒီလိုစတော်ဘယ်ရီတို့၏ ပုံစံကြောင့် ကမ္ဘာပျက်ကပ်တွင် ရှင်သန်တို့မှာ မြင်သည်နှင့် မြည်းကြည့်ဖို့ ဝေးစွ။ အနားတောင် ကပ်၍မည် မဟုတ်ပေ။

လင်းချင်းသည် စတော်ဘယ်ရီတို့၏ အရောင်ကို မမြင်ရသော်လည်း ပုံစံကိုကြည့်ကာ ပုံမှန်မဟုတ်ကြောင့်း ခန့်မှန်းမိသည်။ သူမသည် စတော်ဘယ်ရီတို့မှ ပုပ်နေသည့်အနံ့ကို ရသည့်အခါ ခနလောက် ခေါင်းရှုပ်သွားသည်။ စားလို့ရမည့်ပုံမပေါ်သော်လည်း သူမ၏အာရုံအရတော့ စတော်ဘယ်ရီတွေက အဆိပ်မရှိဘူးဟု ထင်နေမိသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Tahanan ng mga kuwento. Tumuklas ngayon