139

1.7K 346 1
                                    

၁၃၉။ ယန်ကျင်းဟွာ တပ်ဆုတ်သွားခြင်း

စစ်ကားများသည် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည်ဖြစ်ရာ သာမန်ဇွန်ဘီများက ဘယ်လောက်ကြိုးစားပါစေ ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကားထဲက စစ်သားများသည် တည်ငြိမ်စွာဖြင့် ကားကိုမောင်းသွားကာ ဇွန်ဘီအုပ်ကြီးကို ထားခဲ့သည်။ နှစ်မိနစ်လောက် ကြာသည့်အခါ ယန်ကျင်းဟွာ၊ ချူးလီလီနှင့် ဇွန်ဘီအုပ်ကြီးကို စစ်ကားများက ချန်ထားခဲ့ကာ ခပ်ဝေးဝေးသို့ ရောက်သွားသည်။

မြေနံရံကို မှီနေရသည့် ယွမ်ထန်ရှင်းသည် ဒီအခြေအနေကို မြင်သည့်အခါ စိတ်ရှုပ်သွားသည်။ ယန်ကျင်းဟွာသည် လင်းမိသားစုကို ခြိမ်းခြောက်ဖို့ လုပ်ခဲ့သော်လည်း ထူးဆန်းသည့် ဇွန်ဘီဘုရင်မက လိုက်နေသဖြင့် ကြောက်ပြေးရသလို ဖြစ်သွားခဲ့သည်။ ယန်ကျင်းဟွာကိုယ်တိုင်လည်း ဒီအခြေအနေကို မမျှော်လင့်ထားခဲ့ပုံပေ။

ယွမ်ထန်ရှင်းသည် သူ့ဒဏ်ရာကို လျစ်လျူရှုကာ ယန်ကျင်းဟွာဖြင့် တိုက်ခိုက်ဖို့ ပြင်ထားခဲ့သည်။ သို့သော်လည်း ဘယ်ကမှန်းမသိသည့် ဇွန်ဘီနှစ်ကောင် ရောက်လာကာ တစ်ကောင်က လင်းဖန်းကို ခိုးထုတ်သွားပြီးနောက် တစ်ကောင်က ယန်ကျင်းဟွာကို မောင်းထုတ်လိုက်သည်။ ကြည့်ရသည်မှာ နောက်ဇွန်ဘီက ယန်ကျင်းဟွာ မထိခိုက်မချင်း မကျေနပ်သည့်ပုံဖြစ်သည်။

"ဒါက. . .ဘာဖြစ်လို့နံရံလဲ? ထန်ရှင်း? နင်အပြင်မှာလား?"

ယွမ်ထန်ရှင်းသည် အဖြေကို မသိသေးခင် လင်းဝမ်ဝမ်၏ အသံသည် မြေနံရံထဲမှ ထွက်ပေါ်လာသည်။

သူအသိပြန်ဝင်လာသည့်အခါ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ရွံ့စရာကောင်းသည့် သာမန်ဇွန်ဘီများသည် ယန်ကျင်းဟွာနောက်သို့ လိုက်နေဆဲဖြစ်သဖြင့် သူတို့နေရာတွင် ဇွန်ဘီမရှိတော့ပေ။ ဇွန်ဘီများ၏ နံစော်နေသည့်အသံကတော့ လေထဲတွင် ရှိနေသေးသည်။

"ဘာ. . .ဘာတွေဖြစ်နေတာလဲ?"
အမျိုးသမီးလင်းက မေးသည်။

ယွမ်ထန်ရှင်းသည် သူ့နှုတ်ခမ်းက သွေးများကို အရင်သုတ်လိုက်ပြီးမှ မြေနံရံကို ပြန်လျှော့ချလိုက်ကာ အထဲကလူများကို ထွက်လာစေသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now