141

1.8K 362 7
                                    

၁၄၁။ သူ့ရင်ဘတ်က မနာတော့ဘူး

လင်းချင်းက ချူးလီလီသည် မကြာခင်အထိ ပြန်လာဦးမည်ဟု မထင်သဖြင့် အခြားသူများကို ကြည့်လိုက်သည်။ လင်းဝမ်ဝမ်၊ လင်းဟောင်၊ အမျိုးသမီးလင်း၊ ချန်းဝမ်ရှု၊ လင်းရှောင်လုနှင့် အခြားလူများသည် လင်းဖန်ကို ဝိုင်းထားကြသည်။

အစတုန်းက လင်းဖန်၏ အခြေအနေကြောင့် သူမသည် အခြားသူများကို သေချာကြည့်ဖို့ အချိန်မရခဲ့ပေ။ အခုတော့ သူတို့ကို သေချာကြည့်လိုက်သည့်အခါ သူတို့အကုန်လုံးသည် အတော်ပြောင်းလဲကုန်ကြပြီ။ အထူးသဖြင့် ရှောင်လုလေးပင်။

လင်းချင်း၏မှတ်ညဏ်ထဲတွင် ရှောင်လုလေးသည် လေးဖက်ထောက်တက်ရုံမှ လမ်းလျှောက်တက်စ စကားပြောတက်စ ကလေးသေးသေးပင်။ အခုတော့ လင်းချင်း၏ခါးလောက်အထိ အရပ်ရှည်လာကာ သူမ၏ပါးဖောင်းဖောင်းလေးများသည် သွယ်လျသွားပြီ။ သူမသည် ခရမ်းရောင်ဂါဝန်လေးကို အဖြူရောင်ကုတ်ဖြင့် ဝတ်ထားသည်။ သူမ၏မျက်နှာလေးသည် နူးညံ့နေကာ ချစ်စရာလေးဖြစ်ပြီး မျက်လုံးများသည် တောက်ပကာ ဆန်းကျယ်မှုတစ်ခုခုရှိနေသလိုပင်။ လင်းဖန်၏ဘေးတွင် ထိုင်နေကာ သူမ၏အဘွားဖြစ်သူကို မှီထားရင်းက လင်းချင်းကို စပ်စုစွာဖြင့် လှမ်းကြည့်နေသည်။

လင်းဝမ်ဝမ်သည် ပိုပြီးရင့်ကျတ်လာပုံရသည်။ သူမ၏ လှပသည့်မျက်နှာလေးသည် အခုတော့ ပြတ်သားနေသည်။ သို့သော်လည်း လင်းချင်းသည် သူမက စိတ်ထားကောင်းကာ နူးညံဆဲဆိုသည်ကိုတော့ ပြောနိုင်သည်။ သူမ၏ သည်းခံနိုင်စွမ်းကို မကျော်သေးသဖြင့် သူမသည် သင့်တင့်မျှတသည့် အမျိုးသမီးလေးလို ဖြစ်နေမှာ ဖြစ်သည်။

လင်းဟောင်ကတော့ အစွမ်းအစရှိကာ စိတ်မရှည်သည့်လူငယ်လေး ဖြစ်လာခဲ့သည်။ သူ့၏ချောမောသည့်မျက်နှာတွင် အခုတော့ ယောက်ျားပီသမှုများရှိနေကာ အရင်ကထက် ပိုရင့်ကျတ်နေပြီ။ လင်းချင်း၏ အငယ်မောင်နှမနှစ်ယောက်သည် နူးညံ့ကာ ကြင်နာတက်သော်လည်း ဒေါသထွက်လာလျှင် ကြောက်ဖို့ကောင်းကြသည်။ လင်းချင်းတောင်မှ သူတို့ကို စိတ်တိုအောင် မစရဲပေ။

လင်းချင်းနှင့် မောင်နှမတိုင်းသည် မိဘများဆီမှ ချောမောမှုများကို အမွေရထားသည်။ လူတိုင်းသည် လှပသည့် မျက်နှာရှိကြသည်။ အသက်သုံးဆယ့်ငါးနှစ်ရှိနေသည့် လင်းဖန်တောင်မှ ကြည့်ကောင်းနေဆဲပင်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now