142

1.9K 371 16
                                    

၁၄၂။ ထူးဆန်းတဲ့ဇွန်ဘီ

သူ့ကိုမြင်သည့်အခါ လင်းဖန်သည် ထူးဆန်းစွာဖြင့်
"တူယွမ်ရှင်း ငါမင်းကို မေးမလို့။ ဘာဖြစ်လို့ စခန်းမှာ မနေတာလဲ? ပြီးတော့ မင်းပြောနေတဲ့သူဆိုတာက ဘယ်သူလဲ?"

တူယွမ်ရှင်းသည် လင်းချင်းကို လက်ညိုးထိုးပြကာ
'သူ. . .ကပ္ပတိန်ကြီးသိလား? သူကတော့ သိတယ်ပြောတယ်"

လင်းဖန်သည် ဖြည်းဖြည်းချင်း ထထိုင်သည်။ လင်းဟောင်က ကူဖို့လုပ်ပေးသော်လည်း လင်းဖန်က လက်မခံပေ။ သူထလိုက်သည့်အခါ သူ့လုပ်ရှားမှုများသည် ချောမွေ့နေပြီးနောက် ရင်ဘတ်က နာကျင်မှုသည် လုံးဝပျောက်သွားသည်ကို သိလိုက်ရသည်။

'ဘယ်လိုဖြစ်တာလဲ? ငါမေ့နေတုန်းမှာ အတွင်းဒဏ်ရာတွေက ကုပြီးသွားတာလား? ဘယ်လိုဖြစ်လို့ ငါတောင်မသိလိုက်ရတာလဲ?'

သူသည် တူယွမ်ရှင်းညွှန်ပြရာကို ကြည့်လိုက်သည့်အခါ ပုံမှန်အရပ်လောက်ရှိသည့် ယောက်ျားတစ်ယောက်သည် မျက်နှာတွင် အမာရွတ်အများကြီးရှိနေပြီးနောက် နေကာမျက်မှန်တပ်ထားသည်ကို တွေ့လိုက်ရသည်။ ဒီလူကို သူတစ်ခါမှ မမြင်ဖူးသောကြောင့် ဘယ်သူမှန်း မသိပေ။ ထို့ကြောင် လင်းချင်းအား ခေါင်းအစခြေအဆုံးကြည့်ပြီးနောက် ကျန်သည့်သူများကို ပြန်ကြည့်သည်။

လင်းဟောင်နှင့် အခြားသူများသည်လည်း ခေါင်းခါကာ
"ကျွန်တော်တို့လည်း မသိဘူး။ အကိုကြီးတောင် မသိတာကို ကျွန်တော်တို့က ဘယ်လိုလုပ်သိမှာလဲ?"

လင်းဖန်သည် တူယွမ်ရှင်းကို ကြည့်ပြီးနောက် လင်းချင်းကို ကြည့်သည်။ ထို့နောက်မှ သူ့မိသားစုအား
"ခုနက ဘာတွေဖြစ်ခဲ့တာလဲ? ဘယ်လိုလုပ်ပြီး ငါ့ကိုကုပြီးသွားတာလဲ? ယန်ကျင်းဟွာကရော?"

သူဘေးကိုကြည့်လိုက်သည့်အခါ ယန်ကျင်းဟွာရော စစ်ကားတွေရော မရှိတော့သည်ကို သေချာစွာ တွေ့လိုက်ရသည်။

"မီးဒိုင်းပျက်သွားတုန်းက ထန်ရှင်းက ငါတို့ကို ကာကွယ်ဖို့ မြေကျွင်းလုပ်ပေးတယ်။ ယန်ကျင်းဟွာရဲ့ ရေခဲလက်နက်တွေက အန္တရာယ်များတဲ့ အချိန်မှာ လွဲသွားတာပေါ့"
အမျိုးသမီးလင်းက ပြောသည်။
"ပြီးတော့ တခြားသူတွေ ပေါ်လာတာပဲ"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now