72

2.5K 510 19
                                    

၇၂။ တောင်ဘက်သို့ ဦးတည်ခြင်း

လင်းချင်းတို့ ကားမောင်းနေစဉ် စစ်ဘက်သုံးကားများသည် အဆင့်ငါးဇွန်ဘီစောင့်နေသည့် နေရာသို့ရောက်လာကာ ဓားပြအလောင်းများကို တွေ့လိုက်ရသည်။ မုန့်ယွဲ့နှင့် ဝူချန်းယွဲ့တို့သည် ကားပေါ်မှဆင်းကာ ထိုအလောင်းသုံးလောင်းကို ကြည့်လိုက်သည်။ နှစ်လောင်းမှာ ခေါင်းမရှိကြပေ။

ဝူချန်းယွဲ့သည် မျက်မှောင်ကျုံ့လိုက်ကာ ထိုအလောင်းများကို သေချာသုံးသပ်ပြီးမှ ပြောသည်။
"ဒီလူတွေအကုန်လုံးက ဓားပြတွေ။ ပုပ်နေပုံအရဆိုရင် သူတို့သေတာ သုံးရက်လောက်ရှိပြီ။ ခေါင်းတွေကို သေချာဖြတ်သွားပုံအရဆိုရင် ဇွန်ဘီလက်ချက်မဖြစ်နိုင်ဘူး။ တခြားတစ်ယောက်ကတော့ ဇွန်ဘီသတ်ခံရတာ ဖြစ်နိုင်တယ်။ သူ့နှလုံးကို လက်သည်းတွေနဲ့ ဆွဲထုတ်ခံထားရတာ"

သူသည် လူဝကြီး၏အလောင်းကိုကြည့်ကာ မေးကိုကိုင်ထားသည့် လက်တစ်ဖက်ကို နောက်လက်တစ်ဖက်က အောက်တွင်ခံထားကာပြောနေခြင်း ဖြစ်သည်။ သူပြောပြီးနောက်တွင် အလောင်းသုံးလောင်းကို လက်ဖြင့်ညွှန်ပြကာ လူဝကြီး၏အလောင်းကို ကျော်ခွသွားသည်။

အလောင်းသုံးလောင်းကို ကြည့်ရုံဖြင့် ဝူချန်းယွဲ့သည် ဒီဓားပြများ ဘာဖြစ်ခဲ့သလဲကို သိသွားသည်။ အခြားနှစ်ယောက်လိုပဲ လူဝကြီး၏အလောင်းသည်လည်း ဦးနှောက်နှင့် ဗိုက်တို့ဖောက်စားခံရသော်လည်း သူ့ကျောနောက်တွင် အပေါက်တစ်ခုရှိနေခြင်းက သူမသေခင်တွင် ဇွန်ဘီတစ်ကောင်က သူ့နှလုံးကို ဖောက်ယူသွားခြင်းကို သက်သေပြနေသည်။ ဝူချန်းယွဲ့သည် ခေါင်းပြတ်အလောင်းနှစ်ခုကို ကြည့်လိုက်သည့်အခါ ဘေးမှခေါင်းပြတ်များတွင် ဦးနှောက်အစအန ဘာမှမရှိတော့သည်ကို တွေ့လိုက်ရသည်။

"သူတို့က အဆင့်မြင့်ဇွန်ဘီနဲ့ တွေ့သွားတာ ဖြစ်မယ်။ အဆင့်ငါးဇွန်ဘီခေါင်းဆောင်များ ဖြစ်နေမလား? ဒါပင်မယ့် ဘာဖြစ်လို့ အဝတ်မဲ့နေတာလဲ?"
မုန့်ယွဲ့သည် အတွင်းခံသာကျန်နေခဲ့သည့် အလောင်းသုံးလောင်းကိုကြည့်ကာ ပြောသည်။
'ဇွန်ဘီခေါင်းဆောင်မှာ အလောင်းတွေက အဝတ်တွေကို ဆွဲဖြဲတက်တဲ့ ထူးဆန်းတဲ့ အကျင့်များ ရှိနေတာလား? ဘာဖြစ်လို့ အကုန်လုံးက အဝတ်မဲ့နေတာလဲ?'

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now