140

1.9K 366 9
                                    

၁၄၀။ လင်းဖန်ပြန်လာခြင်း

"တကယ်ပြောတာ"
တူယွမ်ရှင်းသည် စိုးရိမ်လာသည်။

"အဲ့ဒီဇွန်ဘီကောင်က နေရာလွတ်စွမ်းအားရှိတယ်။ သူ့နယ်မြေက အကျယ်ကြီးပဲ။ ငါတို့ရောက်ဖူးတယ်"

လုံချင်းယင်သည်လည်း ခေါင်းငြိမ့်ကာ သဘောတူညီစွာဖြင့်
"ဟုတ်တယ်။ ငါတို့ရောက်ဖူးတယ်။ အတော်ကြီးတာ"

"လင်းဖန်ကို ကယ်ချင်ရင်လည်း ဘာဖြစ်လို့ ခိုးထုတ်သွားတာလဲ?"
အမျိုးသမီးလင်းက ပြောသည်။

"လင်းဖန်ကို ကူညီနေတာ ဟုတ်မဟုတ်ကို ပြောမရဘူးမလား? အနည်းဆုံးတော့ ငါတို့ရှေ့မှာ ကူညီလေ။ အကုန်လုံးကို လျှို့ဝှက်လုပ်နေတော့ ဘာဖြစ်နေလဲ ဆိုတာကို ဘယ်သူက သိမှာလဲ?"

"ဒါ. . .ဒါက. . ."
တူယွမ်ရှင်းသည် ဘယ်လိုဖြေရမလဲ မသိတော့သဖြင့် လုံချင်းယင်ကို ကြည့်လိုက်သည်။

အမျိုးသမီးလင်းပြောသည်က မှန်နေသဖြင့် လုံချင်းယင်လည်း ဘယ်လိုရှင်းပြရမလဲ မသိပေ။ လုံချင်းယင်သည် ခနတွေးပြီးမှ
"သူ့ကိုမယုံမှာ ကြောက်လို့နဲ့ စည်းရုံးရမှက အချိန်ကြာမှာစိုးလို့ ထင်တယ်။ ခုနတုန်းက လင်းဖန်က အခြေအနေအရမ်းဆိုးနေတာ မြင်လိုက်တယ်။ သူကမြန်မြန်ကူညီချင်လို့ ဒါမှပြန်သက်သာနိုင်ချေများမှာမလို့ ထင်ပါတယ်"

ခုနကအဖြစ်ကြောင့် လင်းမိသားစုသည် စိုးရိမ်နေသော်လည်း မျှော်လင့်ချက်ဖြင့် စောင့်နေရန်အပြင် မရှိတော့ပေ။ သူတို့သည် လုံချင်းယင်ချင်နှင့် တူယွမ်ရျင်းပြောသည်ကို မယုံချင်ယုံချင်ဖြစ်နေသည်။ သူတို့စကားများက အမှန်ဖြစ်ပါစေဟု စိတ်ထဲကမျှော်လင့်မိ နေကြသည်။

ဇွန်ဘီက သူတို့ကို တကယ်ကူညီချင်သည်ဟု မျှော်လင့်ရကာ လင်းဖန်ကို ကုသပေးနိုင်စေကာ အမြန်ပြန်ရောက်လာစေချင်ပြီ။ သို့သော်လည်း မဖြစ်နိုင်ဘူးဟု အသိစိတ်က ပြောနေသည်။ ထူးဆန်းတဲ့ ဇွန်ဘီက ငါတို့ကို ကူမှာလား? ဘာလိုချင်လို့လဲ လင်းဖန်ရဲ့ အဆင့်ခြောက်အမြူတေ လိုချင်နေတာလား?

လင်းမိသားစုသည် မျှော်လင့်ချက်နှင့် စိတ်ပျက်မှု ဒွန်တွဲနေချိန်တွင် သူတို့နောက်မှာ လင်းဖန်လှဲနေခဲ့သည့်နေရာမှ သဏ္ဍာန်နှစ်ခုပေါ်လာသည်။ လင်းမိသားစုသည် တူယွမ်ရှင်းနှင့် လုံချင်းယင်ကို ရှေ့တိုး၍ စကားပြောနေခဲ့တာ ဖြစ်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now