91

2.4K 492 10
                                    

၉၁။ ယုံချင်ယုံ မယုံချင်နေ

ဝူယွဲ့လင်းသည် ဘာမှမဖြေဘဲ ဘာမှမရှိသည့် နေရာသို့တောင် ခေါင်းလှည့်သွားသေးသည်။

"လင်းလင်း?"
ဝူချန်းယွဲ့သည် အလျှော့မပေးသေးဘဲ ထပ်ခေါ်မေးသည်။

ရှောင်ယွင့်လုံသည် ထလိုက်ကာ သူမ၏မျက်နှာရှေ့တွင် ထိုင်ချကာ စကားပြောဖို့လုပ်သည်။ သို့သော်လည်း ဝူယွဲ့လင်းသည် တခြားဘက်သို့ မျက်နှာထပ်လွှဲလိုက်ပြန်သည်။ ရှောင်ယွင့်လုံသည် ဆွံ့အသွားသည်။
'အရင်တုန်းက လင်းလင်းပါပဲ'

သူ့သမီးသည် အရင်လိုပြန်ဖြစ်နေသည့်အခါ ဝူချန်းယွဲ့သည် စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။

"ဟိုဇွန်ဘီနဲ့ ဘယ်လိုများ နေခဲ့သလဲ သိချင်တယ်။ ရုပ်လည်းအရမ်းဆိုးတာတောင် လင်းလင်းက မကြောက်ဘူး"

ထူးဆန်းသည့်ဇွန်ဘီအကြောင်းကို ပြောသည့်အခါ ရှောင်ယွင့်လုံသည် စိတ်ဝင်စားသွားသည်။ သူ့ခုံသို့ပြန်ထိုင်လိုက်ကာ
"ဟင်? အဲ့ဒီဇွန်ဘီအကြောင်း ပြောပါဦး။ အရင်တုန်းက သေချာပြောမပြဘူး။ လူသားမစားတဲ့ ဇွန်ဘီကလွဲရင် ငါလည်းမသိဘူး။ ဘယ်လောက်တောင် ရုပ်ဆိုးလို့လဲ?"

ဝူချန်းယွဲ့သည် စခန်းကိုပြန်ရောက်သည့်အခါ ရှောင်ယွင့်လုံအား လင်းလင်းကို ဇွန်ဘီက ခေါ်ထားတာဟုတ်ကြောင်းပြောသော်လည်း ဘာမှထပ်မပြောပြပေ။

ဝူယွဲ့လင်းကိုပွေ့ထားရင်းဖြင့် ရှောင်ယွင့်လုံအား
"မျက်နှာကို ကွေးကောက်လန်ပြန်နေတဲ့ ဆံပင်တွေနဲ့ဖုံးထားတော့ သေချာမမြင်ရဘူး။ ဒါပင်မယ့် အမာရွတ်တွေတော့တွေ့တယ်။ မျက်လုံးနီးပါးလောက် အမာရွတ်တွေက မျက်နှာတစ်ခုလုံးမှာ။ သူကသန့်ပြန့်နေတဲ့ တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ထားတော့ အတော်တိုက်ခိုက်နိုင်ပုံရတယ်။ သေချာတာကတော့ သူ့မျက်နှာနဲ့ ကွေးကောက်နေတဲ့ဆံပင်ပုံက မေ့နိုင်ဖို့မလွယ်ဘူး"

ရှောင်ယွင့်လုံက ဒီဇွန်ဘီကို သူ့စိတ်ထဲမှာ ပုံဖော်ကြည့်သည့်အခါ ထူးဆန်းနေသည်။

"မင်းက သူ့ဆံပင်ကို ဒီလိုဖြစ်အောင် လုပ်လိုက်တာလေ။ မင်းရဲ့သမီးကို ခေါ်ပြေးတာက မထူးဆန်းတော့ပါဘူး။ သူ့မှာမကောင်းတဲ့ ရည်ရွယ်ချက်မရှိလောက်ပါဘူးလို့ ပြောသားပဲ။ အဲ့ဒီအချိန်တုန်းက လင်းလင်းကို ပြန်ပေးချင်လို့လားမှ မသိတာ"
ရှောင်ယွင့်လုံက ပြောသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now