185

1.5K 276 4
                                    

၁၈၅။ ပုစဉ်းက ဘယ်ကရောက်လာတာလဲ?

ရှောင်ယွင်လုံသည် ဝူချန်းယွဲ့ကို စိတ်ရှုပ်စွာဖြင့်ကြည့်ကာ မေးသည်။
"ဟင်? ငါတို့အကူအညီမလိုဘူးဆိုရင်လည်း ဘာဖြစ်လို့ လူအများကြီးခေါ်လာတာလဲ?"

ဝူယွဲ့လင်းသည် သူ့အားခေါင်းတစ်ချက်မော့ကြည့်ပြီးနောက် ဝူချန်းယွဲ့၏ ပေါင်ပေါ်သို့တက်သည်။ သမီးများသည် အဖေတို့၏ အရင်ဘဝက ချစ်သူများဖြစ်ခဲ့သည် ဟူသည့် လူအချို့ကပြောခြင်းကို ရှောင်ယွင့်လုံသည် ဝူယွဲ့လင်းက သူ့အဖေကို အရမ်းကပ်တွယ်နေသည်ကို မြင်သည့်အခါ ယုံချင်သွားသည်။

ဝူချန်းယွဲ့သည် သူ့သမီးကို ဖက်လိုက်ကာ သူ့အားခပ်ဖွဖွပြုံးရင်းဖြင့်
"မင်းကငတုံးလား? ငါဇွန်ဘီဘုရင်ကို သွားရှာတယ်လို့ပြောပင်မယ့် ငါတို့ကတော့ အထောက်အပံ့တွေ လိုက်ရှာဖို့လိုသေးတယ်။ ဇွန်ဘီအများကြီးရှိလို့ ဒီနေရာကို ငါတို့မရှင်းရသေးဘူး။ ဇွန်ဘီဘုရင်ကို တွေ့ပြီးသတ်လိုက်ရင် သူ့နယ်နမိတ်ထဲက အထောက်အပံ့တွေအကုန် ထုတ်ပိုးယူလာရုံပဲ။ ငါတို့မတွေ့ဘူးဆိုရင်လည်း ငါတို့အဓိက အလုပ်က ရိက္ခာစုဖို့ပဲလေ"

မုန့်ယွဲ့သည် မျက်လုံးကို လှန်လိုက်ကာ ရှောင်ယွင့်လုံအား
"နင့်ဦးနှောက်က ဘယ်လိုများ အလုပ်လုပ်နေလဲ ငါတကယ်အံ့သြတယ်။ ဒါပင်မယ့် ထားပါတော့! နင့်စားသမျှ အဟာရတွေအကုန်လုံးက နင့်ကြွက်သားတွေထဲ ရောက်သွားတော့လည်း ဦးနှောက် ဘယ်အာဟာရဘယ်ရပါ့မလဲ"
ဒီလိုပြောပြီးနောက် သူမသည် လမ်းအခြေအနေကို ကြည့်လိုက်သည်။

"ဟာ. . .ယွဲ့ နင်ကလည်း ငါတုံးတယ်လို့ ဒီတိုင်းပြောလည်း ရပါတယ်။ ဒါပင်မယ့် ဦးနှောက်က အာဟာရမရတာက ဘာကြီးလဲ? ရှင်းရှင်းပြောလို့မရဘူးလား?"

ရှောင်ယွင့်လုံက ပြောသည့်အခါ မုန့်ယွဲ့သည် မျက်လုံးလှန်မိသွားပြီး ဝူချန်းယွဲ့ကတော့ ပိုပြုံးမိသွားသည်။

ဝူယွဲ့လင်းသည် သူမ၏မျက်လုံးတောက်တောက်လေးများဖြင့် သူတို့ကို ကြည့်နေသည်။ ရှောင်ယွင့်လုံသည် သူမ၏နှာခေါင်းထိပ်လေးကိုထိကာ မေးသည်။
"အန်တီယွဲ့ပြောတာကို သမီးသိလား? လေးလေးရဲ့ ဦးနှောက်က အာဟာရမရဘူးတဲ့။ လေးလေးကတုံးတယ်လို့ ပြောနေတာ။ တုံးတယ်ဆိုတာကိုသိလား? လင်းလင်းလေး နားလည်ရဲ့လား?"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now