17

2.6K 477 1
                                    

၁၇။ သန္ဓေပြောင်းနဲ့ သန္ဓေပြောင်း

မြက်ခင်းထဲသို့ လွှတ်လိုက်သည့် ယုန်သည်လည်း ဘာမှမဖြစ်သလို ခုန်ဆွခုန်ဆွဖြင့် ထွက်သွားကာ မျက်စိရှေ့က ပျောက်ကွယ်သွားသည်။

ဝူယွဲ့လင်းသည် မလှမ်းမကမ်းကနေ လင်းချင်းလုပ်သမျှကို ကြည့်နေခြင်း ဖြစ်သည်။ အစတုန်းက ဒီဇွန်ဘီ အမကြီးက ယုန်ပေါက်လေးကို စားတော့မည်ဟု ထင်ခဲ့ပြီး လန့်နေခဲ့သည်။ ထို့နောက် သူမထင်သလိုမဟုတ်ဘဲ စတော်ဘယ်ရီသီးကို ယုန်အားကျွေးနေကြောင်း မြင်လိုက်ရသည်။

သူမ၏အဖေပြောသည်မှာ ကမ္ဘာပေါ်က အပင်တိုင်းသည် အဆိပ်သင့်ကာ စားလို့ရသည်က သူတို့စခန်းတွင် ရှိသည်များသာ။ ပုံမှန်စတော်ဘယ်ရီသီးက ဒီထက်သေးသည်ကို သူမသိသည်။ ပြီးတော့ အရောင်ကလည်း ထူးဆန်းနေသည်။ သူမ၏အဖေပြောသည်က သန္ဓေပြောင်းအပင်တို့သည် အရောင်နှင့် အရွယ်အစား ပြောင်းလဲကုန်သည်။ ထို့ကြောင့် ဒါကသန္ဓေပြောင်းအသီး ဖြစ်လိမ့်မည်။

ထို့ကြောင့် ဒီဇွန်ဘီ အမကြီးက ယုန်လေးအား ကျွေးလိုက်သည့်အခါ လန့်သွားသည်။
'ယုန်လေးက သေတော့မှာလား? ယုန်လေးက ကြိုက်ပုံမရတာကို အတင်းထိုးကျွေးနေတယ်'

ဝူယွဲ့လင်းသည် ဇွန်ဘီကို ထပ်ကြောက်သွားပြန်သည်။ ထို့ကြောင့် လင်းချင်းက လှည့်ကြည့်သည့်အခါ သူမသည် စောင်ကိုခြုံကာ မီတာနှစ်ဆယ်လောက်အကွာသို့ လိမ့်လိမ့်လေး ပြေးသွားတော့သည်။

လင်းချင်းမှာ ဆွံ့အသွားပြန်သည်။ သူမလို ဇွန်ဘီတစ်ကောင်က ကလေးတွေ ဘာတွေးနေသလဲ နားလည်နိုင်မှာ မဟုတ်သဖြင့် မျက်လုံးကိုသာ လှန်လိုက်မိသည်။
'ကြောက်တယ်ဆိုရင်လည်း ဘာဖြစ်လို့ ငါ့အနားကို လာနေသေးလဲ?'

ယုန်ထွက်ပြေးသွားပြီးနောက် လင်းချင်းသည် နာရီဝက်လောက် ထပ်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူမဖဲ့ထားသည့် သန္ဓေပြောင်း စတော်ဘယ်ရီကို ကိုင်ကာ ရေကန်နားသို့သွား၍ ရေဆေးလိုက်သည်။

ရေဆေးပြီးနောက် စားရန် သွားဖြင့် ကိုက်ခါနီးတွင် သူမရပ်သွားသည်။ ထူးဆန်းနေသောကြောင့် မစားသေးဘဲ နှာခေါင်းအနားသို့ကပ်ကာ အနံ့ခံကြည့်သည်။ ပုပ်သိုးနေသည့် အနံ့သည် ပျောက်ကွယ်သွားကာ အနံ့ချိုချိုလေးသာ ကျန်နေတော့သည်။
'ဟင်? အပုပ်နံ့မရှိတော့ဘူးလား?'

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now