118

2K 414 15
                                    

၁၁၈။ ဒီအကြောင်းပဲပြောနေကြ

"ငါသူ့ကိုမြင်ရတယ်။ လူသားမျက်နှာနဲ့ လူသားပါ"

တူယွမ်ရှင်းက လင်းချင်းကို ထူးဆန်းသလို ကြည့်ပြီးနောက် ကျွင်းကျွင်းကို ကြည့်သည်။

ဒီထူးဆန်းသည့်ဇွန်ဘီက စာရေးတက်တာ သိသဖြင့် ဟိုးကဇွန်ဘီကလည်း ပုံမှန်မဟုတ်လောက်ပေ။ မဟုတ်လျှင် သူ့နေကာမျက်မှန်ကို ခိုးသွားတဲ့ ဇွန်ဘီက ကလေးချီထားတဲ့ ဇွန်ဘီကို ယုံမည်လား? ဒီဇွန်ဘီကောင်သည် သူတို့အား နှစ်ခါတောင် ကယ်ထားသဖြင့် ကလေးလေးကို ထိခိုက်အောင် လုပ်မှာမဟုတ်တာကိုတော့ ယုံကြသည်။

'သူတို့က မိသားစုလား? သူ့မယားနဲ့သားလား?'
တူယွမ်ရှင်းသည် လင်းချင်းကို ကြည့်ကာ လျှောက်တွေးနေသည်။ လင်းချင်းကို အမျိုးသားဇွန်ဘီဟုပဲ သူထင်ထားသဖြင့် ကျွင်းကျွင်းနှင့် ကလေးကို မြင်လိုက်သည့်အခါ ဒီလိုတွေးတာ ဖြစ်သည်။

တူယွမ်ရှင်း၏ မျက်နှာထားအရ လင်းချင်းသည် သူ့အတွေးများကို ခန့်မှန်းနိုင်သည်။ အမျိုးသားဇွန်ဘီဟု ထင်သည်ကို လက်ခံနိုင်သော်လည်း ကျွင်းကျွင်း၏ ယောက်ျားနှင့် သူမကိုမြင်တိုင်း ကြောက်၍ငိုနေသည့် ကလေး၏အဖေဟု ထင်ခြင်းကတော့ လက်မခံနိုင်စရာပေ။

'သူများအကြောင်းကို စပ်စုနေနိုင်သေးတယ်မလား? ကိုယ့်အခြေအနေကို စိတ်ပူရမှာ မဟုတ်ဘူးလား?'
သူမသည် မျက်လုံးကို မလှန်ဘဲ မနေနိုင်ပေ။

နားမလည်ဆဲဖြစ်နေသည့် လုံချင်းယင်သည် လင်းချင်းအားကြည့်ကာ ကျွင်းကျွင်းတို့ကို လက်ညိုးထိုးပြရင်း
"ဒီနေရာက ဘာလဲ? သူတို့က. . ."

လင်းချင်းသည် သူမ၏နယ်မြေအကြောင်းကို မလိမ်ချင်သဖြင့် ရေးပြလိုက်သည်။
'ဒါက ငါ့နယ်မြေ။ ငါ့ကိုနေရာလွတ်စွမ်းအားဇွန်ဘီလို့ တွေးရတယ်။ ဟိုကလေးက လူသား။ လမ်းမှာကြုံလို့ ကယ်လာတာ။ ဇွန်ဘီကတော့ သူ့အမေဖြစ်လောက်မယ်။ ကလေးကို ထိခိုက်အောင် မလုပ်ဘူး။ မှတ်ညဏ်ပျောက်သွားပင်မယ့် လူစိတ်ရှိသေးတယ်'

စာကိုဖတ်ပြီးနောက် လုံချင်းယင်သည် ကျွင်းကျွင်းကို ထူးဆန်းသလို ကြည့်လိုက်ကာ တူယွမ်ရှင်းကို ကြည့်သည်။ တူယွမ်ရှင်းသည်လည်း သူမလို မယုံနိုင်အောင် ဖြစ်နေသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now