149

1.6K 302 1
                                    

၁၄၉။ အရိုင်းနွယ်ကြီးများ

လင်းချင်းသည် ကန်ထဲသို့ လိပ်ကိုမကန်တော့သဖြင့် နွယ်များသည် တဖြည်းဖြည်းငြိမ်လာကာ ရေကန်ထဲသို့ ပြန်ဝင်သွားသည်။

လင်းချင်းသည် သူမ၏နယ်မြေထဲတွင် ဘယ်လိုရှင်အောင်ထားရမလဲကိုတွေးနေမိသည်။
'မြွေကိုလုပ်သလိုမျိုး ဒီလိပ်တွေကိုလည်း အကုန်သတ်လိုက်ပြီးတော့ အသားပုံးအနေနဲ့ ရေစိမ်ထားရမလား?'

သူမအတွေးမဆုံးခင်တွင်ပဲ အပြင်ဘက်မှ စွမ်းအားလှိုင်းကို အာရုံရလိုက်သည်။ ထိုအရာက ချူးလီလီ၏ အော်သံပင်။

"အား!"

ထိုအခါ လင်းချင်းသည် သတိလစ်တော့မတက်ဖြစ်နေသည့် လိပ်ကိုပစ်ထားကာ နယ်မြေထဲကနေ ချက်ချင်းထွက်လာသည်။ ထိုအခါ သူမသည် ခြုံတောထဲကနေ လူလက်မောင်းစာလောက်ရှိသည့် နွယ်ပင်များကို တွေ့လိုက်ရတော့သည်။ သူမသည် အရောင်ကို မမြင်နိုင်သဖြင့် သူမ၏မျက်လုံးထဲတွင် မီးခိုးရောင်ရင့်ရင့်ဖြစ်သည်။ ထိုနွယ်များကြီးများတွင် စူးများပါနေသလို သစ်ရွက်များတောင် ရှိနေသေးသည်။

ထိုနွယ်ပင် ၂၀နှင့်၃၀လောက်သည် ခြုံတောထဲမှ ထွက်လာကာ ရေကန်ဘက်သို့ ဦးတည်လာသည်။ ထိုနွယ်ပင်များသည် လေထဲတွင် ကခုန်ကာ လင်းချင်း ပက်လက်လှန်ထားသည့် လိပ်များကို ရစ်ပတ်နေသည်။

ခုနတုန်းက ချူးလီလီသည် သူမဆော့နေသည် လိပ်ကိုလာယူဖို့လုပ်သည့် နွယ်ပင်အား ဒေါသထွက်ကာ အော်လိုက်ပြီးနောက် လက်သည်းထုတ်ကာ ပိုင်းချလိုက်သည်။ ထိုနွယ်ပင်ထဲမှ စေးကပ်ကပ်အရည်များက ထွက်လာသည်။ အပိုင်းခံလိုက်ရသည့်နွယ်ပင်သည် နောက်သို့ဆုတ်သွားသော်လည်း အခြားနွယ်ပင်များစွာက ခြုံတောထဲကနေ အခြားလိပ်များဆီသို့ လာနေသည်။

'ဒါကရောဘာလဲ? နောက်ထပ် အသိရှိနေတဲ့နွယ်ပဲလား?'

လင်းချင်းသည် တွေးမိသည်။ ဒီနွယ်များကို ကြည့်လိုက်သည့်အခါ သူမ၏ကန်ထဲက နွယ်ပင်များက ဒီဟာကြီးတွေထက် အများကြီးကို ပိုလှသည်ဟု ယှဉ်တွေးမိသွားသည်။

"အား!"
'လိပ်တွေဆီကိုလာတာ!'
ချူးလီလီသည် လင်းချင်းထွက်လာသည်နှင့် သူမကို အော်ပြောသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now