10

2.8K 510 0
                                    

၁၀။ ဇွန်ဘီတွေကြမ်းပြီ

လင်းချင်းက ဒီစိတ်ထဲက စေခိုင်းလိုက်သည့်အခါ ဇွန်ဘီများက ရူးသွပ်နေသလို ပိုသောင်းကြမ်းလာကြသည်။ သူတို့တွေက ဒီလူသုံးယောက်ကို အတင်းတိုက်ခိုက်ကြသည်။

"ဘာဖြစ်တာလဲ? ဒီဇွန်ဘီတွေက ရုတ်တရက်ကြီး ရူးလာသလိုပဲ!"

ထိုနှစ်ယောက်သည် ရူးသွပ်စွာဖြင့် အတင်းတိုက်ခိုက်လာသည့် ဇွန်ဘီများကို ပြန်လည်ခုခံရင်းဖြင့် အလုပ်များလာသည်။

တံခါးဖွင့်ပြီးသည်နှင့် လင်းယုံးသည် အနောက်က ပုံမှန်မဟုတ်သည့်အခြေအနေကြောင့် လှည့်ကြည့်လိုက်သည်။ ထိုအခါ သူ့ကိုစားချင်စိတ်ပြင်းပြစွာဖြင့် အရူးလိုဝိုင်းနေသည့် ဇွန်ဘီများကို တွေ့လိုက်ရသည်။ ထို့နောက် တိုက်ခိုက်နေသည့် ဇွန်ဘီများကို သူကိုယ်တိုင်ပါ ဝင်ခုခံရတော့သည်။

လင်းချင်းသည် သူမ၏ ဇွန်ဘီမျက်လုံးကို ကျယ်ကျယ်ဖွင့်ကာ ဖြစ်သမျှကို ကြည့်နေကာ အခြေအနေကို နားမလည်သေးပေ။

'ဇွန်ဘီတွေက ဘာဖြစ်လို့ ရူးလာတာလဲ?'

သူမသည် ဇွန်ဘီများက ထိုသုံးယောက်ကို တိုက်နေသည်ကိုကြည့်ရင်း အတွေးရလာသည်။ သူမသည် အမှောင်ထဲကနေ ထွက်လာကာ အခြားဇွန်ဘီများဖြင့် ဝင်ရောလိုက်သည်။

အစက ဇွန်ဘီများသည် ဒီနေရာတွင် နှစ်ရာလောက်တောင် မရှိသော်လည်း ဘာမှန်းမသိရသည့် အကြောင်းအရင်းကြောင့် ပိုများလာသည်။

"ဘာတွေဖြစ်နေတာလဲ? ဘာဖြစ်လို့ ဇွန်ဘီတွေက ပိုကြမ်းလာတာလဲ?"

လင်းယုံးသည် သူ့အားဝိုင်းကိုက်ရန်လုပ်နေသည့် ဇွန်ဘီများကို မီးဖြင့်တိုက်ရင်း မေးလိုက်သည်။

လျူဟုန်ရှီသည်လည်း တစ်စထက်တစ်စများလာသည့် ဇွန်ဘီများကို ရင်ဆိုင်းရင်း ချွေးများကျလာကာ ပြန်အော်သည်။

"မသိဘူး! ရုတ်တရက်ကြီး ရူးလာသလိုပဲ!"

သူတို့သုံးယောက်၏ စွမ်းအားသည် အဆင့်အမြင့်ကြီး မဟုတ်သောကြောင့် တိုးလာသမျှ ဇွန်ဘီတိုင်းကို ရှင်းမနေနိုင်ကြတော့။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now