127

2K 369 2
                                    

၁၂၇။ ပူဆွေးစရာသတင်း

နောက်နေ့တွင် လီကျန်းတို့နေသည့်နေရာသို့ မနက်စောစောတွင် တံခါးလာခေါက်သည်။

"ဘယ်သူက အစောကြီးလာတာလဲ?"
လင်းယုသည် အခြားသူများကိုကြည့်ကာ မေးသည်။ သူသည်ပြောနေရင်းဖြင့် တံခါးသွားဖွင့်ဖို့ လုပ်သည်။

"ပင်လယ်မြို့တော်အခြေစိုက်စခန်းကလူတွေပဲ နေမှာပေါ့"
လီကျန်းက ပြောသည်။

လင်းယုသည် တံခါးဖွင့်သည့်အခါ ယူနီဖောင်းဖြင့် လူနှစ်ယောက်ကို တွေ့သည်။ သူတို့သည် ရှောင်ယွင့်လုံ၏ လက်အောက်မှ နှစ်ယောက်ဖြစ်သည်။

"ကပ္ပတိန်ဟောင်? ဒီကိုဘာဖြစ်လို့လဲ? မနက်အစောကြီးရှိသေးတယ်"
လင်းယုသည် ရှောင်ယွင့်လုံ၏လူထဲမှ ဟောင်မင်းဆိုသည့်သူကို မေးလိုက်သည်။

ဟောင်မင်းနှင့် အခြားတစ်ယောက်သည် အပြင်မှာရပ်နေကာ အိတ်အချို့ကိုင်လာသည်။ လင်းယုအားသူကပြုံးပြကာ အိတ်ကိုပေးလိုက်ရင်း
"ငါတို့စကားပြောစရာရှိလို့။ မင်းတို့မနက်စားမစားရသေးဘူးထင်လို့။ ကန်တင်းကနေ ငါယူလာတယ်။ နွေးတုန်းလေးစားလိုက်ကြ"

လင်းယုသည် ပြုံးကာ တံခါးဖွင့်ပေးလိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။
"ကျေးဇူးပါဗျာ။ ခင်ဗျားတို့က တကယ်ကောင်းတာပဲ"

ဟောင်မင်းသည် အထဲသို့ဝင်လာကာ သူ့လူကို အပြင်မှာ စောင့်နေစေသည်။ သူဝင်လာသည်နှင့် လင်းယုသည် တံခါးပြန်ပိတ်လိုက်သည်။

လီကျန်းသည် ဟောင်မင်းထိုင်ဖို့ ခုံပြင်ပေးကာ စပ်စုစွာဖြင့် မေးသည်။
"ဒီလောက်အစောကြီး ဘာကိစ္စရှိလို့လဲ?"

ဟောင်မင်းသည် ထိုင်လိုက်ကာ
"အရင်စားလိုက်ကြပါဦး။ စားပြီးမှပဲ ပြောတာပေါ့။ ဒီမှာနေရတာ အဆင်ပြေရဲ့လား? ခင်ဗျားတို့ငါးယောက်အတွက် နေရာကသေးတော့ ပိုကျယ်တဲ့နေရာရှာပေးရမလား?"
လီကျန်း၏မေးခွန်းကိုမဖြေဘဲ အခြားအကြောင်းပြောလိုက်သည်။

လင်းယုနှင့် လီကျန်းတို့သည် အချင်းချင်းကြည့်လိုက်သည်။ ဟောင်မင်းက ဘာပြောချင်သလဲ သူတို့မသိပေ။ ဟောင်မင်းက သူတို့စားဖို့ကိုသာ အတင်းခေါင်းမာနေသဖြင့် သူပြောသလို လုပ်လိုက်ကြသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now