80

2.6K 537 8
                                    

၈၀။ မြွေသားစား မြွေသွေးသောက်

မုန့်ယွဲ့သည် သူမထင်တာမှန်သည်ဟု ထင်လိုက်သည်။ သူမသည် ရှောင်လီချန်းအား
"ဟုတ်တယ်။ လင်းလင်းက သစ်သီးခြံထဲမှာ ရှိနေတာ။ ငါတို့က သူ့နောက်လိုက်နေတာပဲကို ဘာဖြစ်လို့ နင်ကအံ့သြနေတာလဲ?"

ရှောင်လီချန်းသည် ပြုံးကာ
"ဟာ နင်ဒီလောက်မြန်မြန်ရှာတွေ့မယ်လို့ ငါမှမသိတာ။ ဒီနားမှာလို့ ခုနတုန်းက ပြောလည်းမသွားဘူး"

ရှောင်လီချန်းသည် ဝူယွဲ့လင်းအတွက်တော့ သူစိမ်းပင်။ သူ့ကိုမြင်သည့်အခါ ဝူယွဲ့လင်းလေးသည် သူ့အဖေ၏လည်ပင်းကို သိုင်းဖက်ထားကာ ငြိမ်နေသည်။ သို့သော်လည်း မျက်လုံးများကတော့ သစ်သီးခြံကို လှမ်းကြည့်နေသည်။ ကြည့်ရသည်မှာ လင်းချင်းအကြောင်းတွေးနေပုံရသည်။

ထိုအချိန်တွင် လင်းချင်းသည် နယ်မြေထဲသို့ ဝင်လိုက်ကာ ကားကိုပါ သူမနှင့်အတူ ထည့်သွားခြင်းပင်။ ထို့ကြောင့် ဝူချန်းယွဲ့တို့နှင့် အဝေးမှာ မရောက်သေးပေ။ အစတုန်းက သူမသည် နယ်မြေထဲသို့ဝင်ကာ ကိုယ်ဖျောက်လိုက်ခြင်းဖြစ်ပြီး အရင်တည်းက ဒီနားတွင်ပုန်းနေသည့် ကျွင်းကျွင်းကို သွားခေါ်တာ ဖြစ်သည်။

လင်းချင်းသည် ကျွင်းကျွင်းက သူမကိုလာရှာတည်းက သိလိုက်တာဖြစ်သည်။ ညဏ်ကောင်းသည့် ကျွင်းကျွင်းသည် သူမကိုဝန်ပိုမှာ စိုးရိမ်သောကြောင့် အနားတွင် လာမနေခြင်းသာ ဖြစ်သည်။ ထို့ကြောင့် လင်းချင်းသည် သူမကိုအလွယ်တကူရှာတွေ့ကာ နယ်မြေထဲသို့ အရင်ပို့လိုက်ခြင်း ဖြစ်သည်။

ထို့နောက် လင်းချင်းသည် သစ်သီးခြံထဲမှထွက်ကာ သူမကားကိုသွားယူသည်။ ထိုအခါ သူမ၏ကားဘေးတွင် နောက်ကားတစ်စီးနှင့် တပ်သားတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုတပ်သား၏ အာရုံစိုက်မှုကို မလိုချင်သဖြင့် သူမသည် ကိုယ်ပျောက်ဆဲအခြေအနေဖြင့် ကားထဲသို့ ဝင်လိုက်သည်။ ထို့နောက် နယ်မြေထဲသို့ဝင်ပြီး ကိုယ်ပြန်ဖော်ကာ လျင်မြန်စွာဖြင့် မောင်းထွက်လာခြင်းပင်။

ရှောင်လင်းချန်း၏မျက်နှာကို ကားထဲမှ နောက်ကြည့်မှန်မှ လှမ်းမြင်လိုက်ရသည့်အခါ သူမတကယ်ရယ်ချင်သွားတာ ဖြစ်သည်။ ကားအဝေးသို့ရောက်မှ သူမသည် ကားပေါ်ကဆင်းကာ ကားရော သူမပါ နယ်မြေထဲသို့ ဝင်လာခြင်းဖြစ်သည်။ သူမသည် အဝေးသို့မမောင်းသေးခြင်းမှာ အကယ်၍ ဝူချန်းယွဲ့နှင့် သူ့လူများပြန်သွားလျှင် ထိုသစ်သီးခြံကို သူမပြန်သွားစရာရှိသေးသောကြောင့်ပင်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now