186

1.5K 290 2
                                    

၁၈၆။ စာအုပ်ဆိုင်ကဇွန်ဘီ

လင်းချင်းနှင့် ရှဲ့တုန်းတို့သည် ဟန်ကျိုးမြို့သို့ မောင်းလာကြသည်။ မြို့သည် သိပ်မဝေးသဖြင့် နာရီအချို့သာ မောင်းရသည်။

ထိုကားသည် အရင်ကရှဲ့တုန်းမောင်းသည့် ကားဖြစ်လေရာ ရှဲ့တုန်းသည် သူ့ကားကို မောင်းရခြင်းကို သဘောကျနေသည်။ ရှဲ့တုန်းသည် ၁၀ရက်လောက် ဝေးနေသဖြင့် သူ့ကားကို လွမ်းနေခဲ့တာဖြစ်သည်။

သုံးရက်လောက်ကြာသည့်အခါ သူတို့သည် မြို့ထဲသို့ ရောက်လာသည်။ ထင်သလိုပင် ဇွန်ဘီများသည် များသထက်များအောင် လျှောက်သွားနေသည်ကို တွေ့ရသည်။ သူတို့သည် မြို့လည်နှင့်နီးလာလေလေ ဇွန်ဘီတွေကို ပိုတွေ့ရလေလေဖြစ်သည်။ ဇွန်ဘီများကို လမ်းထောင့်များနှင့် အဆောက်အအုံမျိုးစုံ လမ်းမျိုးစုံတွင် တွေ့နေရသည်။ သာမန်ဇွန်ဘီများသည် လင်းချင်းကို အာရုံရသည်နှင့် သူမနှင့် ဆယ်မီတာလောက်ဝေးရာသို့ ရှောင်သွားကြကာ သူမ၏အနားသို့လာကာ ထိခိုက်အောင် မလုပ်ရဲပေ။

ရှဲ့တုန်းသည် လမ်းအတိုင်းမောင်းနေရာတွင် လင်းချင်းကတော့ ကားပြတင်းပေါက်ကနေ ခေါင်းထုတ်ကာ အပြင်ကိုကြည့်လိုက်လာသည်။ ကားသည် စာအုပ်ဆိုင်နားကနေ ဖြတ်ကျော်သွားသည့်အခါ လင်းချင်းသည် ရှဲ့တုန်းကို ကားရပ်ဖို့အချက်ပြလိုက်သည်။ ရှဲ့တုန်းသည် ကားကိုပြန်ကွေ့ကာ စာအုပ်ဆိုင်ရှေ့တွင် ရပ်ပေးသည်။ ထို့နောက် သူတို့သည် ကားပေါ်ကနေဆင်းကာ မဝင်ခင်တွင် ကွဲနေသည့်မှန်ကနေ အထဲကိုကြည့်လိုက်သည်။

ဂါး!

သူတို့ဝင်လိုက်သည်နှင့် ဇွန်ဘီအော်သံကို ကြားလိုက်ရသည်။ ထိုအခါ လင်းချင်းနှင့် ရှဲ့တုန်းတို့မှာ သူတို့သည် အဆင့်သုံးလောက်ရှိမည့် ဇွန်ဘီ၏နယ်မြေသို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်သည်။ သူတို့သည် အသံလာရာကို ကြည့်လိုက်သည့်အခါ ဒုတိယထပ်တွင် လှေကားကိုမှီလျှက် သူတို့အား သွားဖြဲကြည့်နေသည့် ဇွန်ဘီကိုတွေ့လိုက်ရသည်။

လင်းချင်းသည် လျစ်လျူရှုလိုက်ကာ မြေပုံရှိရာသို့ လျှောက်သွားသည်။ တကယ်လည်း သူမသည် ဒီအဆင့်သုံးကောင်ကို အာရုံကိုမရှိတာဖြစ်သည်။ အဆင့်သုံးဇွန်ဘီ၏ အမြူတေတွင် စွမ်းအားသိပ်မပါသဖြင့် အသုံးသိပ်မဝင်ပေ။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now