130

2K 360 12
                                    

၁၃၀။ မိသားစု၏အနံ့

တူယွမ်ရှင်းနှင့် လုံချင်းယင်တို့သည် လင်းချင်းနှင့် ချူးလီလီတို့က အမိုးများပေါ်ကနေ ခုန်ချကာ ဆင်းသွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ သူတို့လို လူသားများအနေဖြင့် ဒီအဆောက်အဦး၏ လှေကားမှနေသာ ပြေးဆင်း၍ရနိုင်မည်။

လူသားနှစ်ယောက်က လှေကားမှ အမြန်ပြေးဆင်းနေချိန်တွင် လင်းချင်းနှင့် ချူးလီလီတို့သည် ထိုအဖွဲ့နားသို့ ရောက်သွားပြီ။ လင်းချင်းသည် အနားက အဆောက်အဦးပေါ်ရောက်သည့်အခါ ကိုယ်ဖျောက်လိုက်သည်။ ထို့နောက် ကားများအနားသို့ ခုန်ဆင်းသွားသည်။

ဇွန်ဘီအုပ်ကို ရှင်းပြီးသည့်အခါ ကားထဲမှနေ လူများသည် အဖွဲ့လေးများအဖြစ် အနားတွင် သွားလာနေကြပြီ။

"အား အပေါ့သွားရမယ်။ နောက်ဆုံးမှပဲ. . ."

"ငါရောပဲ. . ."

"ပင်လယ်မြို့တော်ထဲကို ရောက်နေမှတော့ ဘာဖြစ်လို့ မလှုပ်ရှားသေးတာလဲ? ခေါင်းဆောင်ယန်က ဘာတွေတွေးနေလဲ မသိဘူး။ ဘာဖြစ်လို့ ရှင်လျှက်ဖမ်းရမှာလဲ? အကုန်သတ်လိုက်ရင် ပြီးနေတာမလား?"

"မင်းဘာသိလို့လဲ? သူကလင်းဖန်းတို့ မိသားစုကို သေစေချင်တာ မဟုတ်ဘူး။ ကြည့်ရတာ ဒီလူတွေက အသုံးဝင်သေးလို့နေမှာ"

"ဘာဖြစ်လို့လဲ? သူ့ကိုကောင်းကောင်းဆက်ဆံပေးခဲ့လို့ အရှင်ထားချင်တာလား?"

"ဟာ ပေါက်ကရတွေ ပြောမနေနဲ့! သူက ဒီလိုလုပ်တာ အကြောင်းရှိမှာပေါ့။ ခနနားပြီး ပြန်သွားရအောင်။ မြန်မြန်လုပ်"

ဒါကိုကြားသည့်အခါ လင်းချင်းသည် ဒီလူများသည် အပေါ့သွားရန် ထွက်လာကြသည့်အဖွဲ့မှန်း သိလိုက်သည်။ လင်းချင်းသည် ယန်ကျင်းဟွာက သူမ၏မိသားစုကို တစ်ချိန်လုံး လိုက်နေခြင်းကို သိသွားသည်။ သူကရှင်လျှက်ဖမ်းချင်တာ ဖြစ်သည်။ ဒါပင်မယ့် ဘာဖြစ်လို့လဲ?

သူမသည် အဖြေမသိသဖြင့် ကားများဆီသို့ သွားလိုက်သည်။ သူမသည် အလယ်ကကားကို ရွေးလိုက်ကာ ကားခေါင်မိုးပေါ်သို့ တက်လိုက်သည်။ ထို့နောက် လှဲချကာ နားထောင်ကြည့်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now