148

1.6K 315 5
                                    

၁၄၈။ လိပ်ကိုဘောလုံးလိုကန်

လင်းချင်းသည် လိပ်သားကို ဓားမြှောင်ဖြင့် ပိုင်းလိုက်ပြီးနောက် ပါးစပ်ထဲသို့ထည့်ကာ စားလိုက်သည်။ စားနေရင်း သူမသည် ဖမ်းမိထားသည့် အခြားလိပ်များကို ဘယ်လိုလုပ်ရမလဲဟု တွေးနေမိသည်။ သူမသည် လွှတ်မပေးချင်းသလို အကုန်လုံးလည်း မစားနိုင်ပေ။

သူမ၏နယ်မြေထဲတွင် သိမ်းထားရင် ကောင်းမလား တွေးမိသွားသည်။
'နယ်မြေထဲကနွယ်တွေက လိပ်တွေကိုဖမ်းပြီး စုပ်ယူပစ်မှာလား? ကန်ထဲကစွမ်းအင်ကတော့ လိပ်တွေကို ဘာမှမဖြစ်လောက်ပင်မယ့် နွယ်တွေကိုပဲ ငါစိတ်ပူရမှာ'

သို့သော်လည်း နွယ်များသည် စွမ်းအင်ကလွဲ၍ အခြားအရာများကို စိတ်ဝင်စားပုံမရပေ။ သန္ဓေပြောင်းလိပ်များသည် ကြီးသော်လည်း ဘာစွမ်းအားလှိုင်းမှ မထုတ်ပေ။ ထို့ကြောင့် ဒီလိပ်များတွင် အမြူတေမရှိလောက်ဘူးဟု လင်းချင်းက ထင်လိုက်သည်။ သို့သော်လည်း နွယ်ပင်များက စိတ်ဝင်စားမဝင်စားကိုတော့ သူမလည်း မပြောတက်ပေ။

လင်းချင်းသည် စားနေရင်းဖြင့် ချူးလီလီက လိပ်ကိုလှည့်ကာဆော့နေသည်ကို ကြည့်နေရင်း အကြံရသွားသည်။

'လိပ်တစ်ကောင်ကို အရင်ထည့်ကြည့်ပြီးမှ ဘယ်လိုဖြစ်မလဲ သိအောင်လုပ်ရအောင်'

ဒီလိုတွေးရင်းဖြင့် သူမသည် အခြားလိပ်များကို ကြည့်ပြီး ဆက်စားလိုက်သည်။

သူမသည် အားပါးတရစားနေသည်ကို ချူးလီလီက စပ်စုစွာဖြင့် အနားသို့ လာကြည့်သည်။ ချူးလီလီသည်လည်း တိရိစ္ဆာန်များသာ စားသော်လည်း သူမသည် ဖြစ်တောင့်ဖြစ်ခဲ စွမ်းအားများ အကုန်လုံးကုန်သွားမှာသာ ဖြစ်သည်။ မဟုတ်လျှင် သူမသည် အဆင့်လေး သို့မဟုတ် အဆင့်ငါး ဇွန်ဘီအမြူတေကိုသာ စုပ်ယူလေ့ရှိသည်။ သူမသည် လူသားများကိုမစားသော်လည်း လူသားများ၏ အနံ့ကတော့ အရသာရှိမည့်ပုံ သူမအတွက် ပေါ်သေးသည်။

ချူးလီလီလာသည့်အခါ လင်းချင်းသည် ဓားမြောင်တွင် အသားတစ်တုံးကို ထိုးစိုက်လျှက် ပေးလိုက်သည်။

ချူးလီလီသည် သူမ၏ဘေးတွင် လက်ကိုပိုက်လျှက် ထိုင်ချလိုက်သည်။ သူမသည် အရင်အနံ့ကြည့်သည့်အခါ မျက်ခုံးများတွန့်သွားသည်။ သို့သော်လည်း လင်းချင်းက ခွံ့ကျွေးသည်ကိုတော့ တစ်ကိုက် ကိုက်လိုက်သေးသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now