101

2.2K 468 36
                                    

၁၀၁။ သရေပွဲ

တူယွမ်ရှင်းသည် သူ့အရှေ့က ဇွန်ဘီအုပ်ကြီးကို ကြည့်လိုက်ပြီးနောက် သူတို့အဖွဲ့သည် ထောင်ချောက်ထဲသို့ ကျသွားပြီဖြစ်ကြောင်း သိသွားသဖြင့် တခြားသူကို အော်လိုက်သည်။

"ဇူ လမ်းဖွင့်လိုက်"

"ဟုတ်ပြီ? ဒါကိုကြည့်လိုက်!!!"
နောက်ခုံကလူသည် ချက်ချင်းဖြေသည်။ သူသည် ကားပြတင်းပေါက်ဖွင့်ကာ သူ့ခေါင်းနှင့် လက်ကိုထုတ်လိုက်သည်။ ထို့နောက် သူ့လက်ကို ပုခုံးနှင့်တစ်တန်းထဲမြှောက်လိုက်ကာ ကားရှေ့က ဇွန်ဘီများဆီသို့ ချိန်ရွယ်လိုက်သည်။

ထို့နောက် ကားရှေ့ကမြေကြီးသည် ကွဲအပ်လာကာ တစ်မီတာနှစ်မီတာလောက် နက်သည့်အထိ ကျွံကြသွားသည်။ ထို့အချိန်တွင် မြေကြီးမှအချွန်များသည် ဇွန်ဘီများ၏ခြေထောက်အောက်ကနေ ထိုးဖောက်လိုက်ပြီး ထိုမြေကြီးများသည် ပြန်ဆက်သွားသဖြင့် ဇွန်ဘီများသည် မြေမြှုပ်ခံလိုက်ရတော့သည်။

ဇွန်ဘီနံရံကြီး ပျက်စီးသွားသည့်အခါ ချိုင်ဟုန်ချင်းသည် ကားကိုအရှိန်မြှင့်လိုက်ကာ မောင်းထွက်လိုက်သည်။ မြေမြှုပ်မခံလိုက်ရသည့် ဇွန်ဘီအချို့သည် လမ်းပေါ်တွင်ရှိနေကာ ကားဖြင့်တိုက်ခံလိုက်ရသဖြင့် လွင့်ပျံထွက်ကုန်သည်။ သို့သော်လည်း သူတို့သတ်နိုင်သည့် ဇွန်ဘီများသည် ထပ်ရောက်လာသည့် ဇွန်ဘီများလောက် မရှိသည့်အခါ ၂မိနစ်အတွင်းမှာ ကားသည် ထပ်ပိတ်ဆို့ခံလိုက်ရပြန်သည်။

လုံချင်းယင်သည် မျက်ခုံးများကိုကျုံလိုက်ကာ သူမ၏ဓားရှည်ကို ခါးကဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။ မကြာခင်တွင် သေသွားသည့် ဇွန်ဘီများ၏ ခေါင်းထဲမှ သံဆူးချွန်များသည် သူမ၏အရှေ့သို့ ပြန်ရောက်လာကြသည်။

သူမ၏စွမ်းအားကို မြှင့်တင်လိုက်သဖြင့် ပိုများသည် သံထည်များသည် သူမဆီသို့ပျံလာသည်။ သူမ၏ပတ်ဝန်းကျင်တွင် သံလိုက်စက်ကွင်းလိုမျိုး သံထည်ပစ္စည်းများက လွင့်မြောနေသည်။ သံထည်ပစ္စည်းများသည် နှစ်မီတာလုံးပတ်ရှိသည့် စက်လုံးကြီးဖြစ်လာကာ အရည်ပျော်သွားပြီးနောက် သံဆူးချွန်အသစ်များဖြစ်သွားကာ ဇွန်ဘီအုပ်ကြီးဆီသို့ ပစ်ခတ်လိုက်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now