part 49(zawgyi)

195 9 0
                                    

50

လဆန်းရက်ဖြစ်သောကြောင့် မှိန်ပြပြဖြာကျနေတဲ့ လရောင်အောက် ကြယ်လေးတွေနဲ့ အပြို င်လင်းလက်နေတဲ့ ချာတိတ်မျက်ဝန်းတွေဟာ တစ်ဘဝစာ လမ်းပျောက်ချင်စရာပါပဲ..
အမြဲတစေ မေးဖျားလေးကို မော့နမ်းတတ်တဲ့ ချာတိတ်အပြုအမူဟာ ဘယ်အချိန်ပဲဖြစ်ဖြစ် ရင်ကို အစမတန် တုန်လှုပ်စေမြဲပါပဲ...
အမြဲလိုလို ရယ်မောနေတတ်တဲ့ လေးထောင့်နှုတ်ခမ်းလေးကြောင့် ဘယ်ဘက်ရင်အုံဟာ တငြိမ်ငြိမ့်နဲ့ နွေးထွေးလှိုက်ခုန်နေပါတယ်...
ဒီကောင်လေးကို ပြောပြချင်ပါတယ် ချစ်တယ်ဆိုတဲ့ အရာတွေထက်ကို ပိုမြတ်နိုးကြောင်းပေါ့..
ညနေထဲက ပူလောင်နေတဲ့ ရင်ဟာ အထိန်းရခက်စွာ ချာတိတ် မျက်ဝန်းတွေထဲ ပျော်ဝင်ရပြန်ပါတယ်...
မျက်နှာပြင်အနှံ့နဲ့ နှုတ်ခမ်းသားနုနုလေးကို အငမ်းမရ နမ်းမိတော့ ဆောင်းတွင်းညကြီး ချွေးစေးတွေပါ ပြန်လာရတယ်...
ကိုယ်က မင်းနဲ့ပတ်သတ်ရင် လိုချင်တာတွေ များနေတတ်တယ် ချာတိတ်...
အမြဲလို ထိန်းချုပ်ခဲ့တဲ့ စိတ်အစုံဟာ ဒီနေ့မှာတော့ မထိန်းနိုင်စွမ်းစွာ ပြင်းပြလာတာကြောင့်..

"မင်းကို အပိုင်လိုချင်တယ်...ချာတိတ်..."

ခပ်ငေးငေးကြည့်နေတဲ့ ချာတိတ်ဟာ မျက်ဝန်းလေးတွေဟာ လရောင်အောက် ပြိုးပြိုးပျက်ပျက်လက်နေပါတယ်...

"ကိုယ်လောဘတွေ ကြီးလာတယ်ထင်တယ်..."

ချာတိတ်နဲ့ ပတ်သတ်ရင် ကျွန်တော်က ရောင့်ရဲနိုင်မှုကင်းပါတယ်...
ဘယ်အရာမှမလိုချင်ပါဘူးလို့ ဝန်ခံရဲတဲ့ ဒီလောကကြီးမှာ ချာတိတ်ကို တွေ့ပြီးနောက် ဆံမျှင် တစ်မျှင်ကအစ မက်မောတယ်ပြောရင် ပိုတယ်မထင်ပါနဲ့...

မျက်နှာပြင်တွေ နီရဲကာ ပြောလာတဲ့ ကျွန်တော့်ရဲ့ yeol ဟာ အသံတွေပင် တုန်နေသလိုပါပဲ....ဘယ်လောက်တောင် ထိန်းချုပ်ထားလို့...တကယ်ကို ကျွန်တော်ဟာ ဒီလိုကိစ္စတွေကို မေ့ထားခဲ့တာတော့ မဟုတ်ပေမယ့် အမှတ်တမဲ့ပဲ ဖြစ်နေခဲ့ပါတယ်...
ဒါပေမယ့် ထိုအမျိုးသားကတော့...
နားရွက်ဖျားတွေရဲတက်ကာ ရီဝေဝေ မျက်ဝန်းတွေနဲ့ ကြည့်နေသူဟာ Yeol ဆိုတာ သိယုံနဲ့ တဘဝလုံး ပုံအပ်ချင်စရာပါပဲ...
ကျွန်နော့် ချစ်သူဟာ အမျိုးသားဆိုတာ သိပါလျက် သတိလက်လွတ်နေခဲ့မိတာပဲ...
ကျွန်တော့်မျက်ဝန်းတွေကို အဖြေရှာသလို ငေးနေတဲ့သူ့ကို အလိုက်သိ ပြန်နမ်းတော့ သူက တွန့်ဆုတ်နေပြန်ပါတယ်...

- Who He Is? (Completed)Where stories live. Discover now