part 16(uni)

308 34 0
                                    

17

တစ်ချို့စုံတွဲတွေ ပြောတတ်တဲ့ အိမ်ပြန်ချိန်တွေ တကယ်လွမ်းတယ်ဆိုတာ ဒါကြောင့်ထင်ပါရဲ့။ ကျွန်တော့လက်ဖဝါးတစ်ဖက်ကို နင့်နင့်နဲနဲဆုပ်ကိုင်ထားတဲ့ သူ့လက်ဖဝါးကြိ်းတွေဟာ ထာဝရအတွက် မလွတ်ပေးချင်စရာပါ။
ချစ်တယ်လို့ တစ်ခွန်းမှမပြောပဲနဲ့ ဘယ်လောက်ချစ်တယ်ဆိုတာ မြင်ယုံနဲ့ သိနိုင်အောင် သူစွမ်းနိုင်တယ်။

အိမ်ပြန်ချိန်တွေဟာ သိပ်လှတယ်။ အထူးသဖြင့် သူ့လက်ဖဝါးတွေထဲ ကျွန်တော့်လက်ကလေးတွေ ယှက်ဖြာနေတဲ့အခါမှာပေါ့။

အိမ်ပြန်ချိန်တွေဟာ သိပ်လှတယ်။ ဝင်တော့မယ့် နေလုံးနီနီကို ကျောပေးကာ သူ့မျက်နှာတွေကို ငေးကာ သူ့လက်ကို ဆုပ်ကိုင်ရတဲ့အခါမှာပေါ့။

ဒါပေမယ့် တစ်ချို့အိမ်ပြန်ချိန်တွေကတော့ တကယ်ကို ဆွေးရပါတယ်။ ကျွန်တော့်လက်ကို လွှတ်ကာ သူ့အိမ်ပြန်ချိန်ကို ကျွန်တော့်အိမ်ထဲမဝင်ခင် ငေးရတဲ့အချိန်တွေမှာပေါ့။

မြင်နေရရက်နဲ့ကို လွမ်းရတယ်ဆိုတာ အပိုတွေ မဟုတ်မှန်း ကျွန်တော် နည်းနည်းတော့ ရိပ်မိလာပါပြီ။

သူလာကြိုတဲ့ မနက်ခင်းတွေရယ် သူပြန်ပို့တဲ့ ညနေခင်းတွေရယ်ထဲ ကျွန်တော်ဟာ အသားတကျ ပျော်ရွှင်နေခဲ့ပါတယ်။ ဘယ်အကြောင်းအရာကိုမှ မတွေးမိလောက်တဲ့ အထိပေါ့။

အိမ်နားက ကစားကွင်းလေးမှာ နှုတ်ဆက်ဖို့ အချိန်တန်တော့ သူဟာ ကျွန်တော့လက်ကလေးကို မလွှတ်ပေးချင်သလို ခပ်ကြမ်းကြမ်း တစ်ချက် ဖိညစ်လိုက်ပါတယ်။ နုနယ်နေတဲ့ မိန်းကလေးလက်မဟုတ်ပေမယ့် အတန်ငယ်နုတဲ့ ကျွန်တော့လက်ကလေး မနာဘူးပြောရင် ညာရာ ရောက်ပါလိမ့်မယ်။ သူ့လက်ဖဝါးခပ်ကြမ်းကြမ်းတွေထဲမှာပေါ့။ အားကစားလိုက်စားတဲ့ သူ့လက်တွေကတော့ အပျင်းထူတဲ့ကျွန်တော်နဲ့ ဆန့်ကျင်စွာ အသားမာအနည်းငယ်နဲ့ ယောက်ျားဆန်ခြင်းတို့ အပြိုင်အဆိုင်....

"မလွှတ်ပေးချင်သေးဘူး"

ကျွန်တော့်လက်တွေကို ငေးကာ သူပြောတော့ ကျွန်တော် ခပ်ဟဟ ရယ်မိပါတယ်။ ဟုတ်တယ် ချစ်တယ်လို့ တစ်ခွန်းမပြောခဲ့ပေမယ့် သူဟာ အဲ့လို Ro တတ်ပါတယ်။

- Who He Is? (Completed)Where stories live. Discover now