part 27(uni)

260 20 0
                                    

28

သည်းနေတဲ့ မိုးရည်တွေစဲမသွားပေမယ့် သူ့မျက်ရည်တွေတော့ အနည်းငယ်စဲလာခဲ့ပါတယ်...

"Mian မိုးတွေရွှဲကုန်ပြီ ပြန်ရအောင် hyunee.."

"အင်း အဆင်ပြေရဲ့လား yeollie .."

"အင်း အခု ရင်ထဲမှာ အရမ်းပေါ့သွားသလိုပဲ...gomawor hyunee ..."

"မဟုတ်တာ ...မလိုပါဘူး..."

"သွားရအောင် လာ..."

သူလက်လှမ်းပေးတော့လဲ အလိုက်သင့်ပါသွားတာပါပဲ...အနည်းငယ်လမ်းလျှောက်ပြီး ကားနားရောက်တော့ ၂ ယောက်လုံး ကြွက်စုတ်လေးတွေလို....ဒါပေမယ့် တစ်ချောင်းချင်းနဖူးပေါ်ကျနေတဲ့ ဆံချောင်းတွေဟာ yeol ရဲ့ ခန့်ညားတဲ့ သွင်ပြင်ကို မဟန့်တားနိုင်ပါဘူး...
အမြဲလိုလို သပ်တင်ထားတဲ့ ဆံနွယ်တွေဟာ နဖူးမှာ ဝဲနေတော့လဲ နုပျိုခြင်းတစ်မျိုးနဲ့ ကြည့်ကောင်းနေပြန်တယ်...

ကားပေါ်ရောက်တာနဲ့ သူက အမြဲဆောင်ထားလေ့ရှိပုံရသော သဘတ်လေးတစ်ထည်ကို ကမ်းပေးလာပါတယ်...

"တခါတော့ ကိုယ်သုံးထားတယ် အသစ်က မရှိတော့လို့.."

"မွှေးတယ်..."

သဘတ်ကို နှာခေါင်းနားကပ်ရင်းပြောတော့

"ဘယ်လို..."

"Yeollie ရဲ့ ကိုယ်သင်းနံ့ရတယ်..."

သူက တဘောကျသွားတာကို ဖုံးဖိကာ ကားကိုသာ အာရုံစိုက်မောင်းနေပါတယ်...may လဝင်ပြီမို့ မိုးရွာတာမဆန်းပေမယ့် ဒီလောက်ထိ စိုရွှဲနေတာတော့ အနည်းငယ် ဆန်းနေပါလိမ့်မယ်...

"Yeollie ကျွန်တော့်အိမ်ကို မောင်းနော်..."

"အင်း..."

အိမ်ရောက်လာတော့ ပြန်တော့မယ် လုပ်နေသော သူ့ကိုဆွဲထားပါသေးတယ်...
ကျွန်တော့်ရဲ့ မေတ္တာတွေအပြင် ဒီအမျိုးသားလေးကို ဒီမိသားစုရဲ့ မေတ္တာတွေပါ အပိုင်ပေးချင်မိပါတယ်...ဒါဟာ မှန်သောစကားပါ...

"Omma Yeollie ရော ပါတယ်..."

"ဟေ....ဟုတ်လား..."

"Omma သားလေးရောပါလာ...ဟယ် နှစ်ယောက်လုံး ရွှဲလို့ နစ်လို့ပါလား...
ကြည့်ပါဦး မကြီးမငယ်နဲ့ မိုးရွာထဲများ သွားဆော့ခဲ့ကြတာလား ဒီလောက်စိုနစ်နေအောင်...သားငယ် သွားသွား yeollie လေးကိုလဲခေါ်ပြီး အင်္ကျီလဲခဲ့ကြ Omma ညနေစာပြင်ထားလိုက်မယ်..."

- Who He Is? (Completed)Where stories live. Discover now