part 26 (zawgyi)

114 3 0
                                    

27

"တစ်ခါက ကောင်လေးတစ်ယောက်ဟာ ကောင်မလေးတစ်ယောက်ကို မြင်မြင်ခြင်းမြတ်မြတ်နိုးနိုး ချစ်မိသွားတယ်တဲ့ ...
ဒါကြောင့် သူက ရင်းနှီးဖို့ကြိုးစားတော့ ကောင်မလေးက ရိုးရိုးသားသားခင်တာထင်ပြီး သူငယ်ချင်းလို ပြန်ခင်တယ်...
အဲ့တော့ ကောင်လေးဟာ ကောင်မလေးရဲ့ ချစ်စရာကောင်းတဲ့အပြုအမူလေးတွေ စိတ်ထားလေးတွေအပေါ် ပိုပြီး ချစ်လာခဲ့တယ်..
နောက်မှ သိလိုက်ရတာက ကောင်မလေးမှာ အသက်လောက်ချစ်ရတဲ့ မကြာခင်လက်ထပ်တော့မယ့် ရည်ရွယ်သူရှိထားမှန်းပေါ့...
ကောင်မလေးကတော့ အဲ့တာတွေမသိပဲ အဖြူထည်လေးအတိုင်း ကောင်လေးကို ဆက်ဆံမြဲ ဆက်ဆံဆဲပဲ တဲ့...
အဲ့လိုနဲ့ တစ်နေ့မှာ ကောင်မလေးက သူမ လက်ထပ်တော့မယ့်အကြောင်း ဖိတ်စာလေးပေးရင်း သူ့ကို ပျော်ပျော်ကြီးဖိတ်တယ်တဲ့လေ..."

Yeolဟာ ကောင်းကင်ကြီးကိုငေးရင်း ရီဝေဝေ မျက်ဝန်းတွေနဲ့ အတိတ်ရဲ့ အပိုင်းအစတွေကို တစ်စချင်းဆွဲထုတ်ပြနေပါတယ်...
ကျွန်တော်ကတော့ သူပြတဲ့ အတိတ်တွေကို ဆက်စပ်ကာ သူ့အတိတ်တွေဆီကို ရှေးရှုပါတယ်...

"အဲ့ဒီမှာ ကောင်လေးကမ္ဘာစပြိုတာပဲ...
ကောင်လေးက ကောင်မလေး လက်ထပ်မယ့်နေ့မှာ ကားတင်ပြီးပြေးသွားတယ်...
အဲ့ဒီအချိန်မှာ ကောင်မလေးက သိပ်မုန်းသွားခဲ့တယ် ...သူစေတနာတွေ သံယောဇဉ်တွေကို စော်ကားတယ်ဆိုပြီးတော့ပေါ့..."

"အတိတ်တွေက ရုပ်ဆိုးတယ်မလား.."

"ဟင့်အင်း သိချင်တယ်..."

"အင်း ...အဲ့လိုနဲ့ ကောင်မလေးက နေ့ဉ်ရက်စက်မုန်းကြောင်းပြောကာ အရင်လို သူငယ်ချင်းတောင်မဖြစ်နိုင်တော့ဘူးတဲ့...
ကိုယ်သိပ်ချစ်တဲ့ကောင်မလေးရဲ့ အမုန်းကိုနေ့စဉ်ရက်စက် လက်ခံနေရတဲ့ကောင်လေးက တဖြေးဖြေး အရက်စွဲလာတယ်...
တဖြည်းဖြည်း ကောင်မလေးကို စိတ်နာလာတယ်...
ဒီလောက်ချစ်တဲ့ သူ့စိတ်ကို မမြင်ဘူး ဆိုပြီးတော့ပေါ့...
အဲ့လိုနဲ့ တနေ့မှာ ကောင်လေးဟာ မူးပြီး ကောင်မလေးကို သိမ်းပိုက်လိုက်တယ်...
ကောင်မလေးကတော့ အမုန်းပေါ်အမုန်းဆင့်ကာ စိတ်နာပြီး ကိုယ့်ကိုကိုယ် သတ်သေဖို့ လုပ်တယ်တဲ့..."

- Who He Is? (Completed)Where stories live. Discover now