part 39(zawgyi)

120 3 1
                                    

40

"Baekhyunee ကျေးဇူးပြုပြီး "

"ဘာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်လုပ်ပါ့မယ် ကိုယ့်ကို မထားခဲ့ပါနဲ့...jelpa..."

ဘယ်လောက်ငိုယိုတောင်းပန်နေပေမယ့် တစ်ချက်တောင်နောက်လှည့်ကြည့်မသွားတဲ့ကောင်လေးဟာ အသည်းမာလွန်းတယ်..

"Baekhyunaa ကိုယ့်မှာ မင်းပဲ ရှိတာမို့ ကျေးဇူးပြုပြီး မင်းကထိ ဒီလိုမလုပ်ပါနဲ့....နော်..."

"chanyeol shi ကျွန်တော့်နောက်ကို ဆက်မလိုက်ခဲ့တော့ရင် ကောင်းမှာပဲ....ဒါမှမဟုတ် ကျွန်တော်မျက်စိရှေ့ကနေ ပျောက်ကွယ်ပေးသွားရင်ဖြစ်ဖြစ်..."

"တကယ်ပြောတာလား baekhyunee..."

ဒီစကားကိုတော့ ခပ်အေးအေးပြန်မေးမိသည်...
တကယ်ဆို ဒီလောကကြီးမှာ ဘာတွေမက်လောက်စရာရှိလို့ ကျွန်တော်က တွယ်ကပ်နေရဦးမှာလဲ...

"အင်း တကယ်ပြောတာ.....
ဒါပေမယ့် ပျောက်ကွယ်သွားဆိုတာနဲ့ Drama တွေထဲကို သတ်သေခိုင်းတာမဟုတ်ဘူးနော် ..."

"ဘာ...ဘယ်လို...."

"ဟုတ်တယ်လေ ကျွန်တော့ကြောင့် သတ်သေသွားပါတယ်ဆိုရင် အလကား ကျွန်တော်က စိတ်ရှုပ်နေရမယ်မလား..."

"ပြောချင်တာက...."

"အင်း ပြောချင်တာက ဒီတိုင်း ကျွန်တော်မမြင်ရနိုင်တဲ့ နေရာအသစ်တစ်ခုမှာဖြစ်ဖြစ်...ဒီအတိုင်း ကောင်းကောင်း ရှင်သန်သွားရင် ကောင်းမှာပဲ...နောင်ဘယ်တော့မှ ပြန်မတွေ့ရတော့တဲ့ အထိ..."

"မင်းလိုချင်တာက တကယ် အဲ့တာလား..."

"အင်း လိုက်လျောပေးနိုင်မလား...."

"ကောင်းပြီ မနက်ဖြန်ကစပြီး ကိုယ့်ကို မမြင်စေရတော့ဘူး...နောင်အနာဂတ်တွေအထိ..."

ပြောပြီး လှည့်ထွက်လာခဲ့သည်...ဒီကောင်လေးက ဒါကကို လိုချင်တာဆိုရင် ကိုယ်ကဘာလို့ မလုပ်ပေးနိုင်ရမှာလဲ..အေးစက်စက်စကားတွေ ပြောနေတဲ့ ကောင်သေးသေးလေးဟာ အရင်နေ့တွေနဲ့ မတူစွာ အရမ်းကို တည်ငြိမ်လွန်းနေပါတယ်...ဒါကကျွန်တော်မသိတဲ့ သူ့တခြားဘက်အခြမ်းလား...
သေချာနေတာက ချစ်ခဲ့ကြတဲ့ အချိန်တွေမှာ သေချာပေါက် ချာတိတ်လိမ်ခဲ့တာမဟုတ်ဘူး...
အစစ်အမှန်ကို ပျော်နေခဲ့တာပါ....

- Who He Is? (Completed)Where stories live. Discover now