part 37 (uni)

283 28 0
                                    

38

"ဒုန်း....ဒုန်း.....ဒုန်း....."

"အား.......မုန်းတယ်...မုန်းတယ် baekhyun .....မင်းကိုမုန်းတယ်...."

နံရံကို တဒုန်းဒုန်းထိုးကာ အော်ဟစ်သောင်းကြောင်းနေမိတာ ကစားကွင်းလေးက ပြန်ရောက်လာထဲက...လက်ဆစ်တို့ စုတ်ပြဲကာ အသားစတွေလန်ပြီး သွေးစတွေ ထွက်နေပေမယ့် ရင်ထဲဒဏ်က ပိုဆိုးနေသည်...

"တောက်.....ဟာကွာ......ဒုန်း.......ခွမ်း...."

အတွေးထဲမှာ မျက်ရည်တွေဝေ့နေတဲ့ မျက်နှာနုနုပေါ်လာတိုင်း မြင်မြင်ရာကို ရိုက်ခွဲနေမိတာ တစ်အိမ်လုံးလဲ အကောင်းအတိုင်းကျန်နေတာမရှိ.....

စိတ်ပျက်လက်ပျက် ထိုင်ချလိုက်ကာ နံရံပေါ်က ခပ်မှိုင်မှိုင် ဓာတ်ပုံလေးကို တမေ့တမော ငေးမိသည်....
ပုံထဲက ကောင်သေးသေးလေးဟာ ခြေဖျားလေးထောက်လို့ အရပ်ရှည်ရှည်ကောင်လေးရဲ့ ပါးကို နမ်းနေပြီး...အရပ်ရှည်ရှည်ကောင်လေးကတော့ ဝိုင်းတဲ့မျက်ဝန်းတွေတောင် အနည်းငယ်ပိုကျယ်ပြီး တအံ့တသြနှင့်...
သိပ်ဖြူစင်ပြီး သိပ်ကို လှပခဲ့တဲ့ အတိတ်တွေ....
မင်းကိုလွမ်းတယ်....
တိတိကျကျ ပြောရမယ်ဆိုရင် အတိတ်က မင်းကိုလွမ်းတယ်...

******

"Baekhyun ရေ သားငယ်....baekhyun....
ထတော့လေ အလုပ်သွားရမှာမဟုတ်ဘူးလား..."

"အင်း......အွန်း....."

"သားငယ် နေမကောင်ဘူးလား မျက်နှာတွေရဲနေတာပဲ....."

ပြောပြောဆိုဆို နဖူးပေါ် လက်ကျလာတော့မှာမို့ အမြန်ပင် လက်နဲ့ကာကာ....

"ဘာမှမဖြစ်ဘူး Omma မနေ့က မိုးနည်းနည်းမှန်ထားလို့..."

"ဘယ်အသက်အရွယ်ရောက်ပြီလဲ ဒီကောင်လေး ဟင်....ဘယ်တော့မှ ထီးယူတယ်မရှိဘူး....မိုးထိတာနဲ့ ဖျားတဲ့လူက ...
လာ...လာ....ထတော့ မနက်စာစားပြီး ဆေးသောက်ပြီးမှ အလုပ်သွား ...ကြားလား..."

"Nae...."

အလုပ်သွားတောလဲ ပုံမှန်ပါပဲ...ထိုင်နေကျ bus နောက်ဆုံးတန်းရဲ့ ရှေ့ခုံလေးမှာ နားကြပ်လေးတပ် သီချင်းလေးညည်းရင်း...အလုပ်ကို လာပါတယ်...အဖျားအနည်းငယ်ရှိ၍ ခေါင်းနည်းနည်းကိုက်ပြီး မိုးမိထား၍ ခန္ဓာကိုယ်က နာနေသည်...bus ပေါ်က ဆင်းပြီး ကုမ္မဏ္ဍီထိ လမ်းလျှောက်ရဦးမှာကို တွေးရငိး အနည်းငယ် စိတ်ညစ်မိတာအမှန်ပင်....

- Who He Is? (Completed)Where stories live. Discover now