Part 4

509 56 0
                                    

Zawgyi

" တီ တီ တီ..."

ဖုန်း ringtone မြည်သံနဲ့အတူ သူ့အတွေးတို့ ပစ္စုပ္ပန်ကို ပြန်ပါလာသည်။

" ဟယ် လို"

"........."

"အင်း ဟုတ်ပြီ တာဝန်ကျေတယ် "

"........"

"အင်း  မနက်နေ့လည်မတိုင်ခင် ဘဏ်အကောင့်ထဲ ရောက်စေရမယ်"

chanyeol ထိုင်ခုံကို ကျောမီကာ ချယ်ရီပင်ကြီးကို အကြောင်းအရင်းမရှိ ကြည့်နေမိသည်။ ချယ်ရီတွေ ကြိုက်တတ်တဲ့ ကောင်လေးတစ်ယောက်ကိုလည်း မုန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နဲနဲလေးသတိရတယ်။

ပြီးတော့ ပွင့်ဖတ်လေးတွေကို လက်ဖဝါးပေါ်တင်ပြီး တစ်ခစ်ခစ်ရယ်တတ်တဲ့ အပြစ်ကင်းတဲ့ မျက်ဝန်းလေးတွေကို မဆိုသလောက်လေးလွမ်းတယ်။ တိတိကျကျ ကိုယ့်ကိုကိုယ် မညာကြေးပြောရရင် သေလောက်အောင်လွမ်းတယ်။ ပြီးတော့ သေလောက်အောင်မုန်းတယ်။

သူကြည့်နေစဉ်မှာပင် နှင်းတွေ တဖွဲဖွဲကြွေလာတယ် ။ လှလိုက်တာ ။ သူလက်ဖဝါးလေး ဆန့်ကာ နှင်းဖက်လေးတွေကို ခံတော့ သူ့လက်ဖဝါးတွေပေါ် နှင်းပွင့်လေးတွေ အလိုက်သင့် ကြွေ၏ ။

ထိုညက သူတော်တော်နဲ့ အိမ်မပြန်ဖြစ် ။
ညနက်ထိတိုင် ထိုင်ခုံလေးပေါ်မှာ အကြောင်းပြချက်ရေရေရာရာမရှိပါပဲ ထိုင်နေမိသည်။ မိုးလင်းခါနီးမှ သူပြန်ဖြစ်သည်။

ဒီနေ့ ဖေ့ဖေ့သေတမ်းစာကို ဖတ်ကာ အမွေကိစ္စ ပြီးပြတ်အောင်လုပ်မည့်နေ့ ဖြစ်သည်။

မနက် ၁၀ နာရီ

အိမ်မကြီးထဲတွင် လူစုံနေပြီဖြစ်သည်။ တစ်ယောက်သူကိုသာ စောင့်နေခြင်း ။ သူတို့စောင့်နေတာ ၁ နာရီနီးပါး ရှိနေပြီ ဖြစ်သည်။

" သားငယ် မင်းအစ်ကို ကို ပြန်သွားခေါ်လိုက်ဦး "

" ဟုတ်ကဲ့ မေမေ "

ခန်းမထဲမှ ကောင်လေး သွားခေါ်ရန် မတ်တပ်ရပ်လိုက်စဉ် ...

" Sorry နဲနဲ နောက်ကျ သွားတယ်"

ပြောသံနဲ့အတူ လှေကားပေါ် မှ တစ်လှမ်းချင်း လျှောက်လာသူသည် မီးခိုးရောင် လောင်းကုပ် ရှည်ကြီးကို ဝတ်ဆင်ထား၏။ ဒူးနားထိရောက်နေသော လောင်းကုပ်၏ အောက်တွင် အဖြူရောင် shirt တစ်ထည်ကို အနက်ရောင် pant တစ်ထည်နှင့်တွဲဝတ်ထားသည်။ ဘာမျှ ထူးထူးခြားခြား ပြင်ဆင်ထားခြင်းမရှိပါပဲ အရှိန်အဝါဟာ ထည်လွန်းသည်။ အနက်ရောင်ဆံပင်တွေကို အပေါ်လှန်သိမ်းထားသဖြင့် လေးထောင့်ကျကျ နဖူးပြင်ဟာ မဟာဆန်သည်။ ခပ်ထန်ထန်မျက်နှာထားပေါ်တွင် ဝိုင်းစက်စက် မျက်ဝန်းတို့က အေးစက်မှုကို ဆောင်ကြည်းကာ ဘာကိုမျှ ကရုမစိုက်တတ်သူမှန်း အတိအကျ ဖော်ဆောင်၏ ။

- Who He Is? (Completed)Where stories live. Discover now