part 47(uni)

311 24 0
                                    

48

ဆောင်းတွင်းရဲ့ ညမီးတိုင်တွေအောက်မှာ ကားတစ်ချို့ လူတစ်ချို့နဲ့ သက်ဝင်လှုပ်ရှားနေပေမယ့် ပုံမှန်မဟုတ်တဲ့အရှိန်နဲ့ ကားတွေကို ကျော်တက်နေတဲ့ မောဒန်မြင့် ကားအနက်တစ်စီးဟာ ဆိုးလ်မြို့ရဲ့ လမ်းမတွေထက်မှာ ဒုန်းကျဉ်အစင်းလို အရှိန်နဲ့အဟုန်နဲ့....

ဖုန်းထဲကိုဝင်လာတဲ့ Message တစ်စောင်ကြောင့် park chanyeol တစ်ယောက် သွေးပျက်သွားတာကို ကုမ္မဏ္ဍီတစ်ခုလုံးကလူတွေ တအံ့တသြဖြစ်နေပေမယ့်  ကရုမစိုက်အား..

ချာတိတ် စီးလာတဲ့ Bus နောက်က ကားတစ်စီး သေသေချာချာပြောရရင် သူ့မိထွေးရဲ့ကား...
ထိုအမျိုးသမီးဟာ သူလိုချင်တာရဖို့ဆိုရင် ဘာသားကောင်ဖြစ်ဖြစ် ချနင်းတတ်တာ သူအသိဆုံး မဟုတ်လား...

အစမတန်ပူလာတဲ့ရင်ဟာ မီးပွိုင့်တွေကို မမြင်သလို ဆဲရေးတိုင်းထွာကာ ပရမ်းပတာကျန်နေခဲ့တဲ့ ကားတွေကိုလဲ မမှုအား..

ထိုစဉ် အရှေ့နားမှာ တိမ်းမှောက်ထားတဲ့ ကားတစ်စီး ...တိတိကျကျဆိုလျင် baekhyunee စီးလာတဲ့ Bus ကား...
ကားပေါ်က ဆင်းလာပေမယ့် ခြေထောက်တွေက လှုပ်မရအောင်ဖြစ်နေလေသည်...
သူခေါင်းတွေ ချာချာလည်နေသည်...
အနားက လူတွေပြောနေတဲ့ တစ်ခွန်းစ နှစ်ခွန်းစ စကားတွေကိုလဲ ကြားတစ်ချက်မကြားတစ်ချက်..

"သေပြီထင်တယ်..."

"အိုး သွေးတွေအိုင်နေတာပဲ သနားပါတယ်..."

"ဟိုဘက်က track က အမျိုးသမီးတစ်ယောက်လဲ ပွဲချင်းပြီးပဲ.."

"ကောင်လေးက ငယ်ငယ်လေး ရှိသေးတယ်နော်.."

"အလုပ်ဆင်းလို့ အိမ်ပြန်တာထင်တယ်..."

"ကားထဲ က ကောင်မလေးတစ်ယောက်က သေတဲ့ အမျိုးသမီးကြီးဘေးမှာ ငူငူကြီး ထိုင်နေတာ..."

တစ်ကိုယ်လုံး လေဟာနယ်ထဲရောက်နေသလို ဘာမှ လုပ်လို့မရ..
ချာတိတ်များဖြစ်နေရင် ဆိုတဲ့ စိတ်နဲ့အတူ တကယ်သာဆိုရင် ဆိုတဲ့စိတ်ဟာ ခြေလှမ်းတွေ ခွေကျသည်အထိ..

မနေ့ကတည်းက သူ့ဒဏ်ရာတွေကြောင့် ချာတိတ်နဲ့ သွားမတွေ့ရသေးပဲ အလုပ်မှာလဲ ရှောင်နေခဲ့မိသည်...
အလုပ်ဆင်းတော့လဲ အရေးကြီး Meeting ရှိတာမို့ လိုက်မပို့နိုင် ...
meeting ထိုင်နေရင်း ဝင်လာတဲ့ message က Tao ဆီက

- Who He Is? (Completed)Where stories live. Discover now