part 45(zawgyi)

125 5 1
                                    

46

Dream café လေးတွင်ဖြစ်သည်...
ညနှောင်းပိုင်းအချိန်မို့ လူပါးသော အချိန်ဖြစ်သည်...
ဆိုင်ပိတ်ခါနီးမို့ လူဝင်လူထွက်လဲ ရှားသည်...
ထောင့်ကျကျ စားပွဲတစ်လုံးမှာတော့
လူလေးယောက် တိတ်ဆိတ်စွာ ထိုင်နေကြသည်...
တိတ်ဆိတ်မှုကို Chanyeol ကပဲ စပြီး ဖြိုခွင်းလိုက်သည်...
သူက ဘယ်တော့မှ အများကြီးတွေးတတ်သူမဟုတ်ဘူး မလား..

"ဒီငါးနှစ်အတွင်း Baekhyun အကြောင်းသိချင်တယ်..."

"သူနေမကောင်းဘူး..."

D.O က ခပ်ဆတ်ဆတ်ဝင်ပြောလေသည်..
Xiumin hyung ကတော့ တိတ်ဆိတ်နေသလို Sehun က ဝေခွဲရခက်တဲ့ မျက်ဝန်းတွေနဲ့ သူ့ရှေ့က coffee ခွက်ရဲ့ အနားလေးတွေကို လက်ချောင်းလေးတွေနဲ့ ပွတ်နေသည်..
Chanyeol ကတော့ သူသိချင်တဲ့အရာကို မသိရမချင်း မပြန်ဟူသော မျက်နှာနဲ့ ...
စကားဝိုင်းဟာ တိတ်ဆိတ်ခက်ထန်စွာ အသက်ဝင်နေပါတယ်...

နောက်ဆုံးမှာတော့ Sehun က သက်ပြင်းမော တစ်ချက်ချကာ တစ်ခုခုကို ဆုံးဖြတာချက်ချလိုက်ပုံနဲ့ chanyeol မျက်နှာဆီ စိုက်ကြည့်လာပါတယ်...

ပထမဦးစွာထွက်ကျလာတဲ့ စကားလုံးဟာ ရင်ကိုနာကျင်စေပါတယ်..

"အားလုံး လိမ်ခဲ့တာ...
သူက...."

Chanyeol မယုံနို်င်စွာ ငေးကြည့်မိသည်...
ဘာမှဆက်မပြောတော့ Sehun ကပဲ ဆက်ပြောလာခဲ့သည်...

"ကျွန်တော်တို့ တွဲနေတယ်ဆိုတာရော...
Accident ဖြစ်တယ်ဆိုတာရော...."

"Sehun.."

ထိုအချိန်မှာတော့ D.O က မလိုလားသလို ဟန့်လာခဲ့ပါတယ်...
sehun ဟာ D.O ဘက်လှည့်ပြီး

"အခု အချိန်တန်ပြီထင်တယ် D.O ...
Beakhyun က အခုထိ မမှတ်မိသေးတာတောင် chanyeol hyung ကိုပဲ ထပ်ချစ်နေတာ မင်းလဲ မြင်တယ်မလား..."

ထိုအခါမှသာ D.O က လက်လျော့သလို သက်ပြင်းလေးချလိုက်ပါတယ်...
xiumin hying ကတော့ ပွဲကြည့်ပရိသတ်လို
ငြိမ်သက်နေဆဲ...
SEHUN ကတော့ သူပြောမယ့်အရာကို နက်နက်နဲနဲ ဆက်ပြောပါတယ်...

"ဦးဏှောက်အကျိတ်တဲ့....."

"ဘယ်လို...."

ဒီစကားကတော့ တကယ်ကို Chanyeol ကို တုန်လှုပ်စေပါတယ်...

- Who He Is? (Completed)Where stories live. Discover now