Part 5

456 50 1
                                    

Zawgyi

" Hyung ဒီဘက်ကို ပစ္စည်းတင်တဲ့ကိစ္စ လမ်းမှာ ပျောက်သွားတယ် လို့ သတင်းရတယ် "

" ပြီးတော့ ပစ္စည်းသွားယူတဲ့ထဲ က ၂ ယောက်ရော "

Chan Yeol မျက်နှာတွင် ငါထင်တယ်ဆိုတဲ့ ပုံစံမျိုး မဲ့ပြုံးတစ်ခု ပီပီပြင်ပြင် ထွက်ပေါ်လာသည်။ ပြီးတော့ လာပြောတဲ့ သူ့အတွင်းရေးမှူး တစ်နည်း သူ့ယုံကြည်ရတဲ့ တစ်ဦးတည်းသော လူယုံ JongDae ကို

" နောက် ၅နာရီကြာပြီးရင် အဲ့ကောင်တွေ ပြန်ရောက်လာလိမ့်မယ် "

အေးစက်တဲ့အသံက ချက်ချင်း ပြောင်းသွားပုံမှာ ကျောချမ်းချင်စရာ

" အမှောင်ခန်းထဲ ထည့်ထားလိုက် ငါညနေလာခဲ့မယ် "

" ဟုတ်ကဲ့
ဒါနဲ့ ကြိုသိနေတာလား Hyung "

လေးစားအံ့သြသော မျက်ဝန်းတွေနဲ့ Dae မေးတော့

သူက 'ဟက်ခနဲ' တစ်ချက်ရယ်ကာ အဖြေကို သိစေသည်။
ဟုတ်သားပဲ Park Chan Yeol ဆိုတာ ဘယ်လိုလူမျိုးမို့လဲ ။ တကယ်ပါ Hyung ဟာ သူများအကွက်ကျော်မြင်တာထက် ဆယ်ဆ ပိုမြင်တတ်တယ်မဟုတ်လား ။ ဒါမျိုး ကိစ္စလောက်ဟာ Hyung အတွက်တော့ အသေးအမွှားပင် ။

နန်းတော်တမျှ ကြီးမားလွန်းသည့်အိမ်ကြီးတွင် သူခြေချလိုက်တာနဲ့ အလုပ်သမားတို့လဲမော်မကြည့်ရဲ ။ ထိုစံအိမ်သည် သူကိုယ်တိုင် ဒီဇိုင်းဆွဲကာ သူကိုယ်တိုင်ပုံဖော်ခဲ့ဖူးသော အိမ်ဖြစ်သည်။ အခန်းတွေပေါသလောက် ဝင်ဖို့ခက်သည်။ မြေအောက်ခန်းတွေ ရှိသလို လှို့ဝှက်ခန်းတွေ ရှိသည်။ 'အမှောင်ခန်း' ဟုသူသတ်မှတ်ထားသော အပစ်ပေးသောအခန်းအရောက်တွင်

" သူဠေး "
ဖမ်းခံထားရတဲ့ နှစ်ယောက်လုံး မျက်နှာတွေဟာ ရစရာမရှိ ။ ဖူးယောင်ကာ သွေးတို့ပေကြံနေသည်။

Chan Yeol ဆေးလိပ်ငွေ့တွေကို တစ်ချက်မှုတ်ထုတ်ကာ အနားလျှောက်လာလျှင်

" သူဠေး တောင်းပန်ပါတယ် ကျွန်တော်တို့ မှားသွားပါတယ် တစ်ခါလောက် ခွင့်လွှတ်ပေးပါ"

လက်ဖဝါးနှစ်ဖက်ကို ကြိုးတွေတုပ်ထားတဲ့ကြားက ပွတ်ကာအသနားခံနေကြပေမယ့်

" အမှားဆိုတာ လုပ်ပြီးရင် ခံရဲရတယ်"

" သူဠေး ကျွန်တော်တို့...."

- Who He Is? (Completed)Where stories live. Discover now